ဖားကန့်တွင် မြေစာပုံပြိုကျပြန် ၁ ဦးသေ ၁ ဦးဒဏ်ရာရ
13 Jun 2018 1,295 Views
ဇွန်လ ၁၁ ရက်နေ့ ဖားကန့်မြို့ နယ်မှာ မြေစာပုံပြိုကျပြီး ရေမဆေးကျောက်ရှာဖွေသူ အမျိုးသားတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့သည်ဟု သိရသည် ။
ဖြစ်စဉ်မှာ ၁၁ ရက်နေ့ ၇ နာရီအချိန်ခန့်တွင် ရေမဆေးကျောက်ရှာဖွေသူနှစ်ဦးက ဘဇံချောင်းကျေးရွာရှိ မိုးရာသီလုပ်ငန်းခတ္တရပ်နားထားတဲ့ ယွန်းရွှေရည် အကျိုးတူကျောက်မျက်ကုမ္ပဏီလုပ်ကွက်မှာ ကျောက်ရှာဖွေနေစဉ် အမြင့်ပေ ၂၀၀ ခန့်ရှိ မြေစာထုပြိုကျခဲ့ပြီး ၁ ဦးသေ ၁ ဦးဒဏ်ရာရခဲ့သည် ။
" မြေစာပုံပြိုကျခဲ့လို့ ရေမဆေးကျောက်ရှာဖွေနေသူ အသက် ၃၈နှစ်အရွယ် ကိုစိုးလှိုင် ဦးခေါင်းကွဲဒဏ်ရာနဲ့ သေဆုံးပြီး အသက် ၂၇နှစ်အရွယ် ကိုကျော်ထွေးကတော့ ယာဘက် လက်ကျိုး ဒဏ်ရာရခဲ့ပေမယ့် စိုးရိမ်စရာမရှိဘူးလို့ သိရပါတယ် " ဟုဒီဗွီဘီသတင်းဌာနတွင် ရေးသားဖေါ်ပြထားပါသည် ။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖားကန့်မြို့မရဲစခန်းက သေမှုသေခင်းနဲ့ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရပါသည် ။