BEC-TERO TV

ကျောက်မဲ့မြို့ နယ်တွင် နွားတင်ယာဉ်တစ်စီး သေနတ်နဲ့အပစ်ခဲ့ရပြန်

11 Jun 2018     1,389 Views


ဇွန်လ ၁၁ ရက်နေ့ မနက်ပိုင်း ၂ နာရီခန့်အချိန်တွင် ကျောက်မဲ - နောင်ပိန်အကြား နွားတင်ယာဉ်တန်းတစ်စီး သေနတ်နဲ့အပစ်ခံရပြီး ၂ ဦးဒဏ်ရာရခဲ့ကြောင်း သိရသည် ။
 
 
ဖြစ်စဉ်မှာ ကျွဲ/နွားတွေ တင်ဆောင်လာတဲ့ ၁၂ ဘီးယာဉ် ၅ စီးယာဉ်တန်းဟာ ကျောက်မဲ့နဲ့နောင်ပိန်အကြားမှာ ယာဉ်တန်းခေတ္တရပ်နားစဉ် ဝဲဘက်တောင်ကုန်းပေါ်ကနေ လက်နက်ကိုင် လူတစ်စုက သေနတ်နဲ့ ဝိုင်းဝန်း ပစ်ခတ်တာကြောင့် ယာဉ်မောင်း ဦးမျိုးမြင့်ဦးနှင့်နဲ့ ဦးကျော်သူတို့ မောင်းနှင်လာတဲ့ အရှေ့ဆုံးယာဉ်ကို ကျည်ထိမှန်ခဲ့တယ်လို့ သိရသည် ။
 
အဆိုပါလမ်းပိုင်းမှာ ကျွဲနွားတွေကို တရားဝင်တင်ပို့ခွင့်မြ့ပုသေးတုန်းက အဆိုပါလမ်းပိုင်းမှာ ကျွဲနွားတင်တဲ့ယာဉ်တွေအနေနဲ့  ယခုနောက်ပိုင်း  နီးစပ်ရာ လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးကို လိုင်းကြေးပေးပြီး မောင်းနှင်ဖြတ်သန်းရကြောင်း သိရသည် ။ 
 
 
ရှမ်းပြည်နယ်မြောက်ပိုင်း ( မန္တလေး- မူဆယ်) ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ကျွဲနွားတင်ဆောင်တဲ့ ယာဉ်တွေ /ယာဉ်တန်းတွေ အခုလို သေနတ်နဲ့ပစ်ခတ်ခံရမှုဟာ မကြာခဏဆိုသလိုဖြစ်ပွားနေတဲ့ကိစ္စဖြစ်ပါတယ်။ ရံဖန်ရံခါ .ယာဉ်မောင်းသေဆုံးတဲ့အထိပစ်ခတ်ခံရမှုတွေလည်းရှိခဲ့ပါတယ်။

11 Jun 2018     1,389 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS