BEC-TERO TV

တာဝါတိုင် ဆိုင်းကြိုးပြတ်​၍ လဲကျသဖြင့် လုပ်သားတစ်ဦးသေဆုံး

11 Jun 2018     1,420 Views


ဇွန်လ ၁၀ ရက်နေ့တွင် လေအားလျှပ်စစ်တာဝါတိုင် ဆိုင်းကြိုးပြတ်​၍ လဲကျသဖြင့် တာဝါတိုင်လုပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရပြီး တစ်ဦးသေဆုံးခဲ့သည် ။
 
ဖြစ်စဉ်မှာ ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်​ စင်္ကြန်​​ကျေးရွာ​နေထိုင်​သူ အလုပ်သမားခေါင်း​ဆောင်​ မျိုးဦးနှင့် ရန်ကုန်တိုင်းဒေသကြီး တွံ့တေးမြို့နယ် တလုပ်ထော်ကျေးရွာနေထိုင်​သူ မြတ်​သူ(ခ)​ဇော်​ထွန်းတို့သည် တာဝါတိုင်(၄)ဆက်အမြင့်(၄၂)ပေ(၁၀)လက်မခန့်သို့ စတီးကြိုးဆိုင်းတပ်​ဆင်​ရန်အတွက် တက်ရောက်ခဲ့ရာမှ ပြန်လည်ဆင်းလာစဉ် တာဝါတိုင်အမြင့်ပေ(၂၀)ခန့်အရောက်တွင် ​ရုတ်တရက်လေပြင်းတိုက်ခတ်သဖြင့်​ တာဝါတိုင်မြောက်ဘက်မှ ယာယီဆိုင်းကြိုး ပြတ်တောက်၍ တောင်ဘက်သို့အောက်ခြေမှတစ်ဆင့်လဲကျခဲ့ပြီး မျိုးဦးနှင့်​မြတ်​သူ(ခ)​ဇော်​ထွန်းတို့မှာ ထိခိုက်​ဒဏ်​ရာများရရှိခဲ့သဖြင့်​​ ရေနံမတိုက်​နယ်​​ဆေးရုံသို့ ပို့ ဆောင်​​ဆေးကုသမှုခံယူခဲ့ရ​ကြောင်း သိရသည် ။
 
 
"​ ရေနံမတိုက်​နယ်​​ဆေးရုံမှာ ​ဆေးကုသမှုခံယူ​နေရတဲ့နှစ်​ဦးထဲက ​အလုပ်​သမား​ခေါင်း​ဆောင်​မျိုးဦးမှာ ထိခိုက်​ဒဏ်​ရာ​တွေကြောင့် စိုးရိမ်​ရဖွယ် ​အသက်​ရှုကြပ်​​နေတဲ့​အတွက်​ မ​ကွေး​ဆေးရုံကို လွှဲ​ပြောင်း​ဆေးကုသမှုခံယူ​ခဲ့ပါတယ်။ ကုသမှုခံယူနေရင်းနဲ့ ပဲ ​ည​​နေ ၄ နာရီလောက်မှာ ​​သေဆုံးသွားခဲ့ပါတယ် " ဟု အကုန်သိသတင်းဌာနတွင် ရေးသားဖော်ပြထားပါသည် ။
 
အဆိုပါဖြစ်စဉ်နှင့်ပတ်ပြီး တာဝန်ရှိသူများက ယင်းဖြစ်စဉ်အတွက်   ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် ( ၁/၂၀၁၈ ) ဖြင့်အမှုဖွင့် အရေးဖွင့်စ်ေဆေးလျက်ရှိကြောင်း သိရသည် ။

11 Jun 2018     1,420 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS