BEC-TERO TV

နေပြည်တော်တွင် မှိုအဆိပ်သင့်၍ ဒု-ဆေးရုံအုပ်အပါအဝင် လူ ၁၃ ဦး ဆေးရုံရောက်

07 Jun 2018     1,945 Views


နေပြည်တော်ဥတ္တရသီရိမြို့နယ် ရုံးအမှတ် (၄၇) အနီးရှိ တောတွင်းမှ တောင်ပို့မှိုဟု ယူဆရသော မှိုများကို စားသုံးမိသဖြင့် အဆိပ်အတောက် (အစာအဆိပ်သင့်)ပြီး ဦးအောင်သန်းငွေ ၄၈ နှစ်၊ မတင်ပပလှိုင် ၂၄ နှစ်၊ ဒေါက်တာအောင်လင်းအေး ၄၃ နှစ် ဒု-ဆေးရုံအုပ် (ကုတင် ၁၀၀၀ ဆေးရုံ) ၊ မဒီမာချို ၂၃ နှစ်၊ ဦးအောင်သန်းရွှေ ၄၀ နှစ်၊ ဒေါက်တာအောင်နိုင် ၅၁ နှစ်နှင့် မတင်ရင် ၁၉ နှစ်တို့သည် ဇွန် ၆ ရက်တွင် နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကြီးသို့ရောက်ရှိ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

အလားတူ ဇွန် ၅ ရက်တွင်လည်း နေပြည်တော် ဇမ္ဗူသီရိမြို့နယ် မြို့မဈေးအတွင်းရှိ ပျံကျဈေးသည်များရောင်းချနေသည့် တောင်ပို့မှိုများကို ဝယ်ယူစားသုံးမိသဖြင့် မလင်းလင်းသန္တာအောင် ၃၃ နှစ်၊ သဇင်(၄) အဆောင်(၉) ကံတော်အိမ်ရာနေ ဦးခင်အောင်ဒင် ၄၇ နှစ်၊ တိုက် ၂၁၃/ ၀၃၊ မဝေဇာလင်း ၃၁ နှစ်၊ တိုက်အမှတ် ၄၃၂၀/၁၄ မမေမျိုးခိုင် ၂၉ နှစ်၊ ဥတ္တရသီရိမြို့နယ် မစုလတ်နွယ် ၃၀ နှစ်၊ သဇင် (၄) အဆောင် (၁၉)၊ ဇမ္ဗူသီရိမြို့နယ်၊ မမေသူဇာဝင်း ၂၇ နှစ်၊ သဇင် (၄) အဆောင် (၁၉) စုစုပေါင်း ၆ ဦးတို့ သည်လည်းကောင်း ဆေးကုသမှုခံယူရန် နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံသို့ရောက်ရှိဆေးဝါး ကုသမှုခံယူလျက်ရှိကြောင်း၊ စိုးရိမ်ဖွယ်ရာမရှိကြောင်း တာဝန်ရှိသူတဦးက ပြောသည်။


နေပြည်တော်တွင် မိုးဦးကာလ၌ တောင်ပို့မှိုအပါအဝင် မှိုမျိုးစုံတို့ပေါက်ရောက်လျက်ရှိပြီး ဒေသခံများက မြို့မဈေး၊ သပြေကုန်းဈေးများတွင် ဗန်းခင်းရောင်းချမှုများရှိနေတတ်ကြကြောင်း၊ ယခုကဲ့သို့ မှိုစားသုံးမိ၍ အစာအဆိပ်သင့်မှု ဖြစ်ပွားလာသည့်အတွက် FDA အပါအဝင် စည်ပင်သာယာနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့(နေပြည်တော်ရဲတပ်ဖွဲ့မှူးရုံး)တို့မှ ဈေးအသီးသီးသို့ လှည့်လည်စစ်ဆေးပြီး မှိုရောင်းချခြင်းနှင့် စားသုံးသူအန္တရာယ် ကင်းရှင်းရေးအတွက် စစ်ဆေးမှုများပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။


ထွန်း(နေပြည်တော်)

 


07 Jun 2018     1,945 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS