BEC-TERO TV

ယာဉ်မောင်းလိုင်စင်အတု ကိုင်ဆောင်ထားသူများ သက်ဆိုင်ရာသို့ လာရောက်အပ်နှံပါက အရေးယူမည်မဟုတ်

07 Jun 2018     2,033 Views


လူမှုကွန်ယက် အွန်လိုင်းပေါ်မှတစ်ဆင့် ယာဉ်မောင်းလိုင်စင်အတုများ ပြုလုပ်ရောင်းချမှု ပျံ့နှံ့ခဲ့ပြီးနောက် တရားခံများကို ဇွန်လ ၁ ရက်နေ့က ဖမ်းဆီးနိုင်ခဲ့သည်။
ထို့ကြောင့် အဆိုပါ ယာဉ်မောင်းလိုင်စင်အတုများကို လက်ဝယ်တွင် ကိုင်ဆောင်ထားကာ အသုံးပြုသူများအနေနဲ့ သက်ဆိုင်ရာကို လာရောက်အပ်နှံကြရန်၊ အပ်နှံခြင်းမရှိပဲ စစ်ဆေးတွေရှိခဲ့ပါက ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌါနမှ သတင်းထုတ်ပြန်ခဲ့သည်။

“အခုဆိုရင် ယာဉ်မောင်းလိုင်စင်အတု ပြုလုပ်တဲ့သူတွေကို ဖော်ထုတ်ပြီး ဥပဒေအရအရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ထားပါတယ်၊ ယာဉ်မောင်းလိုင်စင်အတုတွေလည်း ပျံ့နှံ့နေပါပြီ၊ အဲဒါတွေနဲ့ပက်သက်ပြီး လုပ်လိုင်စင်အတု ကိုင်ဆောင်ထားတဲ့ သူတွေအနေနဲ့ သက်ဆိုင်ရာ ကညန ရုံးတွေမှာ လိုင်စင်ကို ပြန်အပ်ဖို့လိုပါတယ်။ အပ်နှံမှုမရှိပဲ လမ်းမှာ စစ်ဆေးလို့တွေ့ရှိခဲ့ရင်တော့ ဥပဒေအရ အရေးယူသွားမှာပါ။ မိမိအသိနဲ့ လာရောက်အပ်နှံသူတွေကို အရေးမယူပါဘူး၊ တရားဝင်လိုင်စင်ရရှိဖို့ကိုလည်း ကျွန်တော်တို့ဘက်က အကူညီတွေပေးသွားမှာပါ” ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌါန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးလျန်ကျင့်မန် က ပြောကြားခဲ့သည်။

လက်ရှိတွင် ပျံ့နှံ့လျှက်ရှိသော ယာဉ်မောင်းလိုင်စင်အတုများမှာ အစစ်များကဲ့သို့ မီးထိုးခံနိုင်ပြီး၊ Chip ပြားလည်း တပ်ဆင်ထားပေမယ့် Chip ထဲတွင် မည်သည့်အချက်လက်မျှ ထည့်သွင်းနိုင်ခြင်း မရှိသေးကြောင်း ရှင်းပြခဲ့ပြီး လုံခြုံရေးကို တင်းကြပ်သည့်အနေနဲ့ ယာဉ်မောင်းလိုင်စင် အစစ်များ၏ Chip ပြားအတွင်း ထည်းသွင်းထားသော အချက်လက်များကိုလည်း အဆင့်မြှင့်တင် ပြောင်းလဲသွားမည်ဖြစ်ကြောင်း ရှင်းပြခဲ့သည်။


၂၀၁၈ ခုနှစ် မတ်လ ၁၀ ရက်နေ့က လူမှုကွန်ယက် ဖေ့စ်ဘွခ်ပေါ်တွင် Wai Yan အကောင့်ဖြင့် ရန်ကုန်တိုင်း ဒေသကြီး၊ ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာန၊ အနောက်ပိုင်းခရိုင် ဦးစီးမှူးလက်မှတ်ပါရှိသည့် ယာဉ်မောင်းလိုင်စင်များပြုလုပ်ပေးနေကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရသဖြင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းဖော်ထုတ်ရေး ရဲတပ်ဖွဲ့ဝင်များနှင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ဝန်ထမ်း များနှင့်ပူးပေါင်း၍ ဖော်ထုတ်ခဲ့သဖြင့် မော်တော်ယာဉ်လိုင်စင်နှင့် ယာဉ်မောင်းလိုင်စင်အတုပြုလုပ်ရောင်းချသူများအား ဇွန်လ ၁ ရက်နေ့က ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
 


07 Jun 2018     2,033 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS