BEC-TERO TV

ပြန်လက်မခံတော့တဲ့ တက္ကသိုလ်ရည်းစားဟောင်းကို သတ်ပြီး အဆုံးစီရင်တဲ့လူငယ်

05 Jun 2018     1,350 Views


ဇွန်လ ၄ ရက်နေ့ ထိုင်းနိုင်ငံ နခွန်းဖနုန်ပြည်နယ်မှာ တက္ကသိုလ်ကျောင်းသူရီးစားဟောင်းကို ပြန်နေကြရအောင်လို့ ကောင်လေးကတောင်းဆိုခဲ့ပေမဲ့ မိန်းကလေးကအဆင်မပြေသဖြင့် သေနတ်နဲ့ပစ်သတ်ပြီး သူ့ ကိုယ်သူလည်း အဲမှာတင်အဆုံးစီရင်ခဲ့သည် ။ ( အောက်ဆုံးတွင် ဗီဒီယိုဖိုင်တွဲတင်ပေးထားပါသည် )
 
 
ဖြစ်စဉ်မှာ နတ်ချလိရာ တက္ကသိုလ်ကျောင်းသူ ၂၂ နှစ်သည် ချစ်သူဟောင်းဖြစ်သူ နှိုင်းဖက်ကလုံး ၂၆ နှစ်နဲ့ တစ်နှစ်ကျော် ခွဲခွာခဲ့ပြီဟု သိရသည် ။ ဒါပေမဲ့ ချစ်သူဟောင်းဖြစ်သူ နှိုင်းဖက်ကလုံးက မပြတ်နိုင်ပဲ မနက်ပိုင်းကနေစပြီး ကောင်မလေးကျောင်းဆင်းလာတဲ့အထိ လမ်းခုလတ်တွင် စောင့်နေခဲ့သည် ။ နေ့လည်ထမင်းစားချိန်တွင် နတ်ချလိရာ တက္ကသိုလ်ကျောင်းသူကို ချစ်သူအဖြစ် ပြန်နေကြရအောင်လို့ ရီးစားဟောင်း နှိုင်းဖက်ကလုံးတောင်းဆိုခဲ့ပါသည် ။
 
 
ဒါပေမဲ့ မိန်းခလေးကနားမထောင်သဖြင့် အဆင်မပြေညှိမရတဲ့အဆုံး မိန်းခလေးကို သေနတ်နဲ့ ပစ်သတ်ပြီး သူကိုယ်သူလည်း ကျောင်းသူ၏ဘေးတွင်လဲလျောင်းကာ မေးစေ့အောက်တွင် သေနတ်ချိန်ပြီး သူကိုယ်သူအဆုံးစီရင်ခဲ့ပါသည် ။ ထိုရာတွင် ပြည်သူများကမြင်ပြီး တာဝန်ရှိသူများထံဖုန်းဆက်ကာ ဆေးရုံသို့ပို့ခဲ့ခဲ့သည်ဟု သိရသည် ။ အစွန်းရောက်အချစ်ရူးသမားတွေနဲ့  ဆက်ဆံခဲ့ ချစ်သူဖြစ်ခဲ့တဲ့အခါ ခုလို စိတ်မကောင်းစရာ တွေကြုံရတတ်ပါတယ်။ 
 
 
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ရဲများက ပါဝင်ပတ်သက်တဲ့သူတွေရှိမရှိ စစ်ဆေးလျက်ရှိနေသည်ဟု သိရသည် ။
 

05 Jun 2018     1,350 Views




RELATED

Most Popular of Special or Others

Most Popular of NEWS