မန်းဝန်ကြီးချုပ်၏ ယာဉ်မောင်းဖြစ်သူ ယာဉ်တိုက်မှုတွင် လူသေဆုံး
05 Jun 2018 1,331 Views
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ယာဉ်မောင်းဖြစ်သူ ဦးအေးသိန်း ယာဉ်မတော်တဆမှု ဖြစ်ပွားရာမှ လူသေဆုံးခဲ့သည့်အတွက် ဇွန်လ ၄ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းက ယာဉ်မောင်းသူ ဦးအေးသိန်းသည် ၆၂ လမ်းနှင့် ၃၅ လမ်းထောင့်အနီးတွင် ဆိုင်ကယ်တစ်စီးကို တိမ်းရှောင်လိုက်ရာမှ လမ်းဘေးတွင် မတ်တတ်ရပ်နေသည့် အမျိုးသမီးတစ်ဦးကို ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယာဉ်တိုက်ခံရသူအမျိုးသမီးမှာ နေရာတင် သေဆုံးသွားခဲ့ပြီး မေလ ၄ ရက်နေ့က သင်္ဂြိုလ်ခဲ့ကြောင်း (ကျော်ကြီး MDY) ထံမှ သတင်းရရှိသည်။
ယင်းယာဉ်တိုက်မှုဖြစ်စဉ်တွင် လူသေဆုံးမှု ဖြစ်ပွားခဲ့သည့်အတွက် ယာဉ် (ပ) ၂၂/၂၀၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄(က) ဖြင့် မဟာအောင်မြေမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။
သတင်း − နိုင်လင်းဦး
ဓါတ်ပုံ − မင်းသန့်