သမီးအရင်းဖြစ်သူအား သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်ခဲ့တဲ့ဖခင်
01 Jun 2018 2,147 Views
ဇွန်လ ၁ ရက်နေ့ ပလောက်မြို့ တွင် သမီးအရင်းဖြစ်သူအား ဖခင်ဖြစ်သူမှ သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည် ။
ဖြစ်စဉ်မှာ တနင်္သာရီတိုင်းဒေသကြီး၊ ပလောက်မြို့၊ ပြင်ဘုကြီးကျေးရွာအုပ်စု ၊ သင်္ကန်းကျဲကျေးရွာတွင် လွန်ခဲ့သော ၁၀ ရက်လောက်ခန့်က ခင်ပွန်းဖြစ်သူ ဖိုးကရင် ၅၉ နှစ်က ဇနီးဖြစ်သူ မအင်မိုး ၃၉ နှစ်နှင့် လင်မယားစကားများရန်ဖြစ်ပြီး ဇနီးဖြစ်သူက နေအိမ်မှဆင်းသွားကြောင်း သိရသည် ။
အဆိုပါနေအိမ်တွင် ခင်ပွန်းဖြစ်သူ ဖိုးကရင်(ခ)ရဲထွန်း နှင့် သမီးဖြစ်သူ မ … …(၁၂)နှစ်၊ တို့ သားအဖနှစ်ဦးကျန်ရှိနေစဉ် မေလ ၂၆ ရက်၊ ညပိုင်းတွင်းတွင် ဖခင်ဖြစ်သူ ဖိုးကရင်မှ သမီးအရင်းဖြစ်သူအား သားမယားအဖြစ် ၂ ကြိမ်၊ ၂၇ ရက်၊ ညပိုင်းတွင် ၁ ကြိမ်၊ ၂၈ ရက်၊ ညပိုင်းတွင် ၁ ကြိမ် သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း မိခင်ဖြစ်သူ ဒေါ်အင်မိုး နေအိမ်သို့ပြန်လာစဉ် သမီးဖြစ်သူမှပြောပြတာကြောင့် သိရပါတယ်ဟု မြိတ်သတင်းဌာနတွင် ရေးသားဖော်ပြထားပါသည် ။
ပလောက်နယ်မြေရဲစခန်းမှ သမီးအရင်းအား သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင်သူ ဖိုးကရင်ကို ( ပ ) ၇ / ၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည် ။