BEC-TERO TV

ပေါင်းတည်မြို့ တွင် မုန်တိုင်းငယ်ကြောင့် စပါးခင်းနှင့်နေအိမ်များပျက်စီးဆုံးရှူံး

31 May 2018     1,336 Views


မေလ ၃၁ ရက်နေ့ ပေါင်းတည်မြို့ တွင် တောင်ကျရေစီးဆင်းမှုကြောင့် စပါးပျိုးခင်းများ ရေလွှမ်းမိုး၍စာသင်ကျောင်းနှင့်နေအိမ်များယိုင်လဲကာရေစီးတွင်မျောပါပျက်စီးဆုံးရှူံးမှုများ ဖြစ်ပွားခဲ့သည် ။
 
 
ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီးပြည်ခရိုင် ပေါင်းတည်မြို့ တွင် မိုးသည်းထန်စွာရွာသွန်းလာသဖြင့် ယနေ့မွန်းလွဲပိုင်းက သစ်ပုတ်ကျေးရွာအုပ်စုမရိုးကျွန်းရွာတွင် ဒလမဲရွာဘက်မှစီးဆင်းလာသော တောင်ကျရေများကြောင့် မရိုးကျွန်းရွာ မူလတန်းကျောင်းမှာ ယိုင်လာပြီး ပြိုလဲမည့်အခြေအနေဖြစ်နေသည်ဟု သိရသည် ။ ဝန်ထမ်းအိမ်ယာတစ်လုံးနှင့်ရွာအတွင်းရှိ လူနေအိမ်တစ်ချို့ ရေစီးတွင် မြောပါသွားကြောင်းနှင့် အဆိုပါကျောင်းတွင် ကျောင်းသားဦးရေ ၈၅ ဦးကျော်ကျောင်းအပ်ပြီးစီးနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည် ။
 
 
အလားတူ သစ်ပုတ်ကျေးရွာတွင်လည်း လူနေအိမ်ခြေ ၁၀၀ ကျော် ရေနစ်မြုပ်နေကြောင်းသိရပြီး ပြန်ချီတက်ရွာတွင် လူနေအိမ် ၈ လုံးနှင့် ဘုန်းကြီးကျောင်း ၁ ကျောင်း အမိုးလန်မှုများဖြစ်ပွားကာ လူနှင့်တိရစ္ဆာန်ထိခိုက်သေဆုံးမှုမရှိကြောင်းသိရသည်။
 
 
မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ဆင်လူးကျေးရွာအုပ်စု ကွက်းအမှတ် ၁၁၃၇ Bရှိ တောင်သူ၁၅ဦး၏လယ် ၅၁ဧကနှင့်ကြုံးကြုံးကြကျေးရွာအုပ်စုကွင်းအမှတ် ၁၀၉၉ Aရှိတောင်သူ ၇ ဦးလယ်၃၅ဧကစုစုပေါင်းမိုးစပါးကြဲခင်း ၈၆ ဧကမှရေလွှမ်းမိုးဖြစ်ပေါ်ခဲ့သဖြင့်မြို့ နယ်လယ်ယာ/စာရင်းအင်းဦးစီးဌာနနှင့်ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့များကကွင်းဆင်းစိစစ်လျက်ရှိကြောင်းသိရသည်။
 

31 May 2018     1,336 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS