နိုင်ငံခြားသားကိုရိုက်ခဲ့တဲ့ မလေးရှားလူဝင်မှုကြီးကြပ်ရေးအရာရှိအား တာဝန်မှဖယ်ရှား
31 May 2018 1,498 Views
မေလ ၃၀ (ဗုဒ္ဓဟူး)နေ့က နိုင်ငံခြားသား အလုပ်သမားတစ်ဦးကို လူဝင်မှုကြီးကြပ်ရေးအရာရှိတစ်ဦးက ကိုယ်ထိလက်ရောက် စော်ကားခဲ့သည့် ဗီဒီယို အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီးနောက် ယင်းအရာရှိအား ရာထူးမှ ချက်ခြင်းရပ်ဆိုင်ခဲ့သည်။
“သူ့ရဲ့ အပြုအမူက ဌါနရဲ့ပုံရိပ်နဲ့ ဂုဏ်သတင်းကို ထိခိုက်စေပါတယ်၊ ဒီလုပ်ရပ်ဟာ ကျွန်တော်တို့ ဌါနကချမှတ်ထားတဲ့ ကျင့်ဝတ်နဲ့လည်း ဆန့်ကျင်တာကြောင့် တာဝန်က ချက်ချင်းရပ်ဆိုင်းလိုက်တာပါ” ဟု လူဝင်မှုကြီးကြပ်ရေးဌါနမှ ဒါရိုက်တာဖြစ်သူ ဒါတွတ်စီရီ မူစတာဖာအလီ က ပြောကြားခဲပါတယ်။
ဒီလို စက်ဆုတ်စရာကောင်းတဲ့ အပြုမှုမျိုးကို ကျူးလွန်တဲ့ မည်သူ့ကိုမဆို ဌါနက အကာအကွယ်ပေးမှာ မဟုတ်ပါဘူးလို့ ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။
ဖြစ်စဉ်ကတော့ မေလ ၃၀ ရက်နေ့ နံနက် ၉ နာရီခန့်က ဂျိုဟိုဘာရူးပြည်နယ် ဝစ်စမာ ပါစီကူတွန်ရှိ လူဝင်မှုကြီးကြပ်ရေးဌါနမှာ နိုင်ငံခြားသားတစ်ဦးကို လက်ဗွေရာယူဖို့ စကန်ဖတ်သည့်စက်ပေါ်ကို လက်တင်ခိုင်းရာတွင် အရာရှိဖြစ်သူက ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ခြင်းဖြစ်သည်။
၁၀ စက္ကန့်စာ အဖြစ်ပျက်ဗီဒီယို အွန်လိုင်းပေါ်ပျံ့နှံ့ခဲ့ပြီးနောက် ဝေဖန်မှုများ ပြင်ထန်းခဲ့ပြီး အရာရှိဖြစ်သူကိုလည်း အလုပ်တာဝန်မှ ချက်ခြင်းရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။