လီဆူမိသားစု လေးလောင်းပြိုင်လူသတ်မှု အမှုမှန်ထွက်ပေါ်
30 May 2018 1,605 Views
မေလ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့သော လေးလောင်းပြိုင် လီဆူမိသားစုဝင် သေဆုံးမှုနှင့် ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူဟု သံသယရှိသူ ၅ ဦးကို မေလ ၂၉ ရက်နေ့မနက်ပိုင်းတွင် ရဲများက ဖမ်းဆီးထားကြောင်း သိရသည် ။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာအုပ်စု၊ စိန်အင်းကျေးရွာတွင် မေလ ၁၇ ရက်၊ နံနက်ပိုင်းက မောင်ရန်တက်စီး၊ ၂၅ နှစ်သည် ယာခင်းတွင်ရှိနေသည့် မိသားစုဝင်များထံသို့ သွားရောက်ရာမှ ၎င်း၏ဖခင်ဖြစ်သော ဦးရန်တား၊ ၄၉ နှစ် ၊ မိခင် ဒေါ်စံလူမီး၊ ၄၂ နှစ် ၊ ညီဖြစ်သူ အလေး၊ ၁၅ နှစ်နှင့် ညီမဖြစ်သူ အာဝူမီး၊ ၁၀ နှစ်တို့အား လည်ပင်းပြတ်ရှဒဏ်ရာနှင့် ၊ ဗိုက်ပွင့်အူထွက်ဖြင့် ပုံစံတူ အသတ်ခံရမှုကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
“ ပြစ်မှုကျူးလွန်တယ်လို့ ယူဆရတဲ့သူ ၅ ယောက်ကို အခုပဲစစ်ဆေးဖို့တရားရုံးကိုခေါ်ဆောင်သွားပါတယ်။ စိန်အင်းကျေးရွာကတော့ မဟုတ်ဘူးဗျ။အောင်ဗဒန်းရွာဘက် ဦးဒွဲလာအပါ ၅ ယောက်ပါ။ သူတို့သတ်တယ် ဆိုတာတော့ သေချာသလောက်ရှိတယ်။ ဒီနေ့မှာဖမ်းဆီးရမိခဲ့တာ။ နောက်ထပ်ပါဝင်ပတ်သက်သူတွေလည်း ရှိနိုင်သေးတယ်” ဟုအကုန်ုသိသတင်းဌာနတွင် ရေးသားဖော်ပြထားပါသည် ။
အဆိုပါ အမှုနှင့် ပတ်သက်ပြီး မိုးကုတ်မြို့မရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။