BEC-TERO TV

ကျောင်းကထုတ်ပေးတဲ့ လက်နှီးစုတ်သာသာ ကျောင်းစိမ်းဝတ်စုံ

29 May 2018     1,633 Views


ကလေးတွေ ကျောင်းဖွင့်တော့မှာမို့ မြန်မာတစ်နိုင်ငံလုံးက စာသင်ကျောင်းတွေ ကျောင်းအပ်လက်ခံနေပြီဖြစ်ပါတယ်။
ပညာရေးကို ဦးစားပေးတဲ့ နိုင်ငံတော်အစိုးရက လမ်းညွှန်ချမှတ်ထားတဲ့အတိုင်း ကျောင်းအပ်ရာမှ ကျောင်းသားမိဘတွေဆီက ငွေကြေးတစ်စုံတစ်ရာ ကောက်ခံမှုမရှိတဲ့အပြင် ကျောင်းသားတွေအတွက် သက်ဆိုင်ရာ ပုံနှိပ်စာအုပ်အပြည့်အစုံနဲ့ ကျောင်းစိမ်းဝတ်စုံပါ တွဲလျက်ထောက်ပံ့လိုက်ပါသေးတယ်။

နိုင်ငံတော်အစိုးရရဲ့ စေတနာကတော့ ဘယ်တုန်းကမှမကြုံဖူးခဲ့တဲ့ ပံ့ပိုးမှုမျိုးနဲ့ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနိုင်အောင် ထောက်ပံ့ကူညီပံ့ပိုးပေးထားတာဖြစ်ပါတယ်။

ဒါပေမယ့် နိုင်ငံတော်ရဲ့ စေတနာအရ ကျောင်းစိမ်းဝတ်စုံတွေအတွက် ကျပ်သန်းပေါင်း ၅၀၀ ကျော် အကုန်ကျခံထားခဲ့ပေမယ့် တစ်ကယ်ကျောင်းသားကလေးတွေ ရခဲ့တဲ့ ကျောင်းဝတ်စုံကတော့ အရောင်ဝါကျင့်ကျင့်၊ ချုပ်ရိုးချုပ်သား ဖြစ်ကတတ်ဆန်းနဲ့ လက်နှီးစုတ်လောက်မှ မသားနားဘူးလို့ အဆိုပါကိစ္စကို ထိထိရောက်ရောက် စစ်ဆေးဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး ရေးသားခဲ့တဲ့ အကြောင်းအရာက လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေပါတယ်။

ပြည်သူ့မျက်နှာကိုပဲ ကြည့်ရှုတဲ့ အစိုးရတစ်ရပ်ဖြစ်လို့ အဖြစ်မှန်ကို စုံစမ်းစစ်ဆေးနိုင်ဖို့ ရည်ရွယ်ပြီး မူရင်းရေးသားမှုနဲ့အတူ မျှဝေပေးလိုက်ပါတယ်။
 

*************************************


ကဲ... ထိထိ​ရောက်​​ရောက်​​လေး ဖြစ်​သွား​အောင်​... ကျပ်​သန်း ၅၀၀ ​ကျော်​သုံးထားတဲ့ ​ကျောင်းဝတ်​စုံကိစ္စ ဝိုင်းပြီး ဂုဏ်ပြုကြပါစို့ရဲ့
 

၂၅ ရက်​​နေ့ ​ကျောင်းအပ်​ ရမယ်​ဆို​တော့ မန်း​လေး ကို အမှီ ပြန်​​ပြေး
ရောက်​​ရောက်​ချင်း ​ကျောင်းအပ်​...

ပြဿနာမရှိ
ငွေ​ကြေး ​ကောက်​ခံ ခြင်း နတ္ထိ ...
ပုံနှိပ်​ ​တွေလည်းအပြည့်အစုံ ရ ဒီ အထိက အဆင်​​ပြေတယ်​...

ရှစ်​တန်း သား​တော်​​မောင်​ ကိုအပ်​ပြီး လေးတန်း သား​တော်​​မောင်​ကို အပ်​ပြီးတဲ့ အချိန်​ ကျ​တော့ ...

တာဝန်​ခံ ဆရာမက
ရော့ က​လေးကျောင်းဝတ်​စုံ တဲ့...

မြင်​တာ နဲ့ ​အော်​ဂလီ ဆန်​လိုက်​တာ ..
အင်္ကျီဖြူ က ဝါ ကြန့်ကြန့် နဲ့ ဘောင်းဘီစိမ်းကလည်း ဆွဲဆန့်လိုက်​ရင်​ ပြဲမလားဘဲ
ချုပ်​ရိုး ချုပ်​သား နဲ့ အစ က​တော့ ပြောမ​နေနဲ့ ​တော့ ....
ပါး ရှပ်​ ​နေ​တာ နေ​ရောင်​ထဲ ​ထောင်​ကြည့်ရင်​တောင် တရုပ်​ပြည်​ကို အတိုင်းသား မြင်​​နေရတယ်​ .....

ဒါ နဲ့ ဘဲ ဆရာမကို ကျ​နော်​​တော့ ဝတ်​စုံ မယူတော့ပါဘူးဗျာ တခြား နွမ်းပါးတဲ့ က​လေးတွေကို
ပေးလိုက်​ပါ ဆို​တော့ ....

ဆရာမက ပျာပျာသလဲနဲ့ မယူရင်​ မရဘူး၊  မယူရင်​ ရှင်​တို့ ​ကျောင်းသားမိဘတွေက
ဖေ့ဘွတ်​ပေါ်မှာ တိုင်​ကြမှာ ဆို​တော့...

တိုင်​လည်း မထူးပါဘူး တိုင်​လည်းမတိုင်​ချင်​ဘူး ဒီ​ကျောင်းဝတ်​စုံ ကိုလည်း မယူပါရစေနဲ့ ဆရာမရယ်​...
ဘုရားစူးပါ  ဆရာမတို့ ​ကျောင်းဝတ်​စုံက ကျ​နော့်အိမ်​က လက်​သုတ်​ ​လောက်​​တောင်​ ဖြူစင်​ ထည်​ဝါမှု မရှိတာ ဆရာမ အသိဆုံးပါ ဆရာမရယ်​ လို့လဲ ပြောလိုက်​ရော ဆရာမက
ကြောက်​အားလန့်အားနဲ့ အတင်းထိုးပေး ကျ​နော်​ ကလည်း မလိုချင်​ ....
ဒီ​တော့....

တစ်​ကယ်​ပါ ...
ပညာ​ရေးဝန်​ကြီးဌာနက ဝန်​ကြီး တွေ နဲ့ ညွှန်​ချုပ်​ ​တွေ ညွှန်​မှူး​တွေ အောက်​​ခြေ ကို ဆင်းကြည့်ပါ
အသံတွေကို နား​ထောင်​ပါ ...

မြန်​မာ ကျပ်​​ငွေ သန်းငါးရာကျော်​​အောင်​ ခင်​ဗျား တို့ ဖြန့်​ဝေတဲ့ ကျောင်းဝတ်​စုံဟာ
ဟိုက ဖြတ်​စား ဒီက ဖြတ်​စားနဲ့ တင်​ဒါ​အောင်​တဲ့ ကန်​ထရိုက်​​တွေက စေတနာ မပါ ...
ကျောင်းသား မိဘတွေ လက်​ထဲရောက်​​တော့ လက်​နှီးစုတ်​ သာသာပါဘဲ ....

နောက်​နှစ်​​တွေများ ​ပေးချင်​အားကြီးရင်​ ကျောင်းဝတ်​စုံ မ​ပေးပါနဲ့...
ကျောင်းသား တစ်​​ယောက်​ကို ဗလာ စာအုပ်​ ​ကောင်း​ကောင်းတစ်​ဒါဇင်​ စီသာ ​ပေးလိုက်​ပါ ...

မိဘ ​တွေ လည်း ဝမ်းသာ ဆရာဆရာမ ​တွေလည်း စိတ်​ချမ်းသာ....
လူ့အလို နတ်​မလိုက်​နိုင်​ လို့လည်း မ​ပြောပါနဲ့ တာဝန်​ရှိတဲ့ လူကြီး တွေက သောက်​သုံးမှ မကျဘဲနဲ့...

ချစ်​လျက်​....
#ဆြာစိုင်း#

Credit Lwin Maung

# Myat Yee Mon
 

Screenshots >> https://bit.ly/2IVzQtH

Source >> https://bit.ly/2LDnvvK


29 May 2018     1,633 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS