BEC-TERO TV

လူတစ်ဦးနှင့် ကျွဲတစ်ကောင် မိုးကြိုးစက်ကွင်းမိပြီး သေဆုံး

28 May 2018     1,364 Views


မေလ ၂၇ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်အချိန်တွင် ခိုတဲန့်ရွာမှာ မိုးကြိုးပစ်ခဲ့ရလို့ တောင်သူ ၁ ဦးနဲ့ ကျွဲ ၁ ကောင် သေဆုံးသွားခဲ့သည် ။
 
 
ဖြစ်စဉ်မှာ ကျောက်မဲ့မြို့ နယ် ခဲမွန်ရွာသား ဦးစိုင်းအိုက်ဦး အသက် ၅၄ နှစ် ဆိုသူဟာ ညီမ ၂ ယောက်နဲ့ အတူ ခိုတဲန့်ရွာမှာ ပြောင်းဖူးသွားစိုက်ပြီး ယာတဲမှာ အနားယူစဉ် မိုးကြိုးပစ်ခံရပြီး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့သည်ဟု သိရသည် ။
 
 
“သူတို့မောင်နှမတွေက နေ့လယ်စာနားပြီး ယာတဲမှာနားနေကြတယ်။ ကျွဲကိုတော့ ယာတဲ အနောက်မှာ ချည်ထားတယ်၊ စိုင်းအိုက်ဦးကတော့ ယာတဲရဲ့အရှေ့မြေကြီးပေါ်ရပ်နေတာ၊ သူ့ညီမ ၂ ယောက်ကတော့ ကွပ်ပျစ်ပေါ်ထိုင်နေတာ။ မိုးကြိုးပစ်တဲ့ခါကျတော့ ညီအမတွေက သူတို့အကိုကိုကြည့်လိုက်တော့ ပက်လက်လန်လဲကျနေပြီ။ ကျွဲလည်း လဲကျသွားပြီ၊ အဲဒါ ရွာကိုအကြောင်းကြားလို့ ကျနော်တို့သွားကြည့်တာ။ စိုင်းအိုက်ဦးက ဆံပင်မှာ မီးလောင်ထားတဲ့ အရာတွေ့တယ်။ ကျွဲက ဘာဒဏ်ရာမှ မတွေ့ဘူး။ ပက်လက်လန်ပြီး သေနေတယ်၊  အဲဒီနားမှာ မဲဇလီပင်ရှိတယ်။ အပင်ကိုတော့ မထိဘူး။ ယာတဲရဲ့ တိုင်ကိုလာထိတာ နည်းနည်းပျက်စီးသွားတယ်။”ဟု ဒီဗွီဘီသတင်းဌာနတွင် ရေးသားဖော်ပြထားပါသည် ။
 
 
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရဲစခန်းက မှတ်တမ်းတင်ထားပြီး သေဆုံးသူကို ခိုတဲန့်ရွာနားမှဘဲ ချက်ချင်းသဂြိုဟ်လိုက်ပါတယ်လို့ သိရသည် ။

28 May 2018     1,364 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS