ရှူ့ ခင်းသာကုန်းအဆင်း တွဲကားတစ်စီးယာဉ်တိမ်းမှောက်မှုဖြစ် လူတစ်ဦးသေဆုံး
28 May 2018 1,601 Views
မေလ ၂၇ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်တွင် ကွက်ခိုင် - နမ့်ဖတ်လွန်းအကြား ယာဉ်တိမ်းမှောက်များသောနေရာတွင် တွဲကားတစ်စီးတိမ်းမှောက်နေကြောင်း နမ်ခိုင့်တံတားရဲကင်းမှ ဖုန်းဆက် အကြောင်းကြားသဖြင့် သွားရောက်ကူညီခဲ့သည် ။
ဖြစ်စဉ်မှာ ၂၂ ဘီးတွဲယာဉ်မှာ အရှိန်မထိန်းနိုင်သဖြင့် ကျောက်တောင်နံရံဘေးတွင် ပက်လက်လန်တိမ်းမှောက်ပြီး ယာဉ်မောင်း မောင်သိန်းဝင်းအောင် ၂၂ နှစ်မှာ နဖူးနှင့်ယာလက်ပျံတွင် ပွန်းပဲ့ဒဏ်ရာရရှိခဲ့သည် ။ ယာဉ်အကူက ယာဉ်ပေါ်မှ ခုန်ဆင်းစဉ် သယ်ယူလာသည့်ဆန်အိတ်များပိကာ နေရာတင် သေဆုံးခဲ့သည် ။
တာဝန်ရှိသူများက ယာဉ်မောင်းကို ယာဉ်အတွင်းမှ ထုတ်နိုင်ခဲ့ပြီး ယာဉ်အကူမှာ ရှာမတွေ့ သဖြင့် တာဝန်ရှိသူများနှင့် အခြားခရီးသွားများ ဝိုင်းဝန်းပြီး ဆန်အိတ်များဖယ်ရှားကာ ယာဉ်အကူရဲ့ အလောင်းအားဆွဲထုတ်၍ ကွတ်ခိုင်ရုံသို့ ကူညီပို့ဆောင်ခဲ့သည် ။
အဆိုပါနေရာတွင် ယာဉ်တိမ်းမှောက်မှုများပြီး အများအားဖြင့် ရှူ့ ခင်းသာကုန်းဘက်မှအဆင်းတွင် အရှိန်မထိန်းနိုင်သည့် ယာဉ်ကြီးများ တိမ်းမှောက်လေ့ရှိကြောင်း သိရသည် ။