ဖုန်းသုံးနေစဉ် မိုးကြိုးပစ်ချခံရပြီး အမျိုးသားတစ်ဦးသေဆုံး
24 May 2018 1,368 Views
မေလ ၂၃ ရက်နေ့လည် ၁၂ နာရီအချိန်ခန့်တွင် အသက်၂၅ နှစ်အရွယ် အမျိုးသားတစ်ဦး ဖုန်းပြောနေစဉ် ဖုန်းအားမိုးကြိုးပစ်ချခဲ့ပြီးနောက် နေရာတွင် သေဆုံးခဲ့သည်။
ဖြစ်စဉ်မှာ နန့်စန်မြို့ အမှတ် ၂ ရပ်ကွက်တွင်နေထိုင်သူ အသက် ၂၅ နှစ်အရွယ် မောင်အိုက်ကန်သည် ကျေးရွာပြောင်းစိုက်ခင်း အကွက်အမှတ် ၉ တွင် စိုက်ပျိုးနေခဲ့ပြီး မိုးရွာသဖြင့် ခတ္တအနားယူရန် လက်ပံပင်အောက်ထိုင်ကာ ဖုန်းသုံးနေစဉ် မိုးကြိုးက ဖုန်းကို ပစ်ချလိုက်သဖြင့် အဝတ်အစားများ တစ်စစီစုတ်ပြဲကာ သေဆုံးသွားခဲ့ကြောင်း U Nay Zaw ၏ လူမှုကွန်ယက်တွင် ဖော်ပြထားသည်။