BEC-TERO TV

တောင်ဥက္ကလာပမြို့ တွင် တရုတ်နိုင်ငံသူ ပြည်တန်ဆာအမျိုးသမီး ၁၇ ဖမ်းဆီးရမိ

24 May 2018     1,938 Views


မေလ ၂၂ ရက်နေ့ နံနက် ၄ နာရီအချိန်ခန့်တွင် အလှပြင်ဆိုင်လုပ်ငန်း ဗန်းပြပြီး ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်နေကြတဲ့ တရုတ်နိုင်ငံသူများကို သက်သေများနှင့်အတူ ဖမ်းဆီးခဲ့သည် ။
 
ဖြစ်စဉ်မှာ တောင်ဥက္ကလာပမြို့ နယ် ၈ ရပ်ကွက်တွင် ပိုင်ရှင် ( စိစစ်ဆဲ ) Oriental Spa အမည်ဖြင့် အလှပြင်ဆိုင်လုပ်ငန်း (လိုင်စင်မရှိ ) အား ဗန်းပြပြီး ပြည်တန်ဆာလုပ်ငန်း လုပ်ကိုင်နေသည့်နေရာသို့ ရဲများက ဝင်ရောက်စစ်ဆေးခဲ့ရာ  ပြည့်တန်ဆာအမျိုးသမီး တရုတ်နိုင်ငံသူ(၁၇)ဦး၊ ဆိုင်မန်နေဂျာ တရုတ်နိုင်ငံ၊ ဟူပိန်ပြည်နယ်နေ တရုတ်နိုင်ငံသား Peng An Ting(၃၉)နှစ် (ပတ်စ်ပို့/ ဗီဇာ-မရှိ)ပါ တရုတ်နိုင်ငံသား(၂)ဦးနှင့် ကွတ်ခိုင်မြို့နယ်နေ ဆိုင်ဝန်ထမ်း မမိုးမိုး(ခ)အားဖျင်(၂၄)နှစ် ပါ(၈) ဦး(ကျား ၃၊ မ ၅)တို့အား ဖမ်းဆီးရမိခဲ့သည် ။
 
 
တရုတ်နိုင်ငံသူ ၁၇ ဦးအား တောင်ဥက္ကလာပမြို့မရဲစခန်း(ပ)၆၀၉/၂၀၁၈၊ ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေပုဒ်မ ၃(က)/(ခ) ဖြင့်အရေးယူထားပြီး ဆိုင်ရှင်(စုံစမ်းဆဲ)၊ Peng An Ting ပါ တရုတ်နိုင်ငံသား(၂)ဦးနှင့် မမိုးမိုး(ခ)အားဖျင် ပါ(၈)ဦးတို့အား တောင်ဥက္ကလာပမြို့မရဲစခန်း(ပ)၆၁၀/၂၀၁၈၊ ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေ ပုဒ်မ ၅(၁)ဖြင့်လည်းကောင်း အရေးယူထားကြောင်း သတင်းရရှိသည်။
 

24 May 2018     1,938 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS