BEC-TERO TV

တစ်နေ့ကြက်ဥတစ်လုံး စာသုံးခြင်းက နှလုံးရောဂါ ဖြစ်နိုင်ချေလျှော့နည်း

23 May 2018     1,589 Views


နှလုံးနဲ့ နှလုံးသွေကြောဆိုင်ရာ ရောဂါများ ဖြစ်ပွားနိုင်မှုကို ကြက်ဥတစ်လုံး နေ့စဉ်ပုံမှန်စားသုံးပေးခြင့်ဖြင့် လျှော့ချနိုင်ပြီဖြစ်ကြောင်း ဆေးပညာသုတေသန ပြုချက်အရ ဝမ်းသာဖွယ် စမ်းသပ်တွေ့ရှိခဲ့ပြီဖြစ်ကြောင်း စီအန်အန် သတင်းက ဖော်ပြလိုက်ပါတယ်။
 
အဆိုပါစမ်းသပ်စစ်ဆေးမှုကို တရုပ်နိုင်ငံက အရီယ်ရောက်ပြီးသား လူငယ်ပေါင်း ၄၀၀,၀၀၀ ကျော်နဲ့ စမ်းသပ်ပြီးနောက် တွေ့ရှိခဲ့တာဖြစ်ပါတယ်။နေ့စဉ်ပုံမှန် ကြက်ဥစားသုံးသူဟာ နှလုံးနဲ့သွေးကြောဆိုင်ရာ ရောဂါများကြောင့် သေဆုံးနိုင်မှု ၁၈% လျော့ကျကြောင်း တွေ့ရှိခဲ့ပါတယ်။
 
ကြက်ဥ စားသုံးသူဟာ ကြက်ဥရှောင်ကျဉ်သူထက် နှလုံးရုတ်တရက်အမောဖောက်ခြင်း၊ လေဖြတ်ခြင်း စတဲ့ရောဂါတွေ ခံစားရနိုင်မှု လျော့နည်းတာကို သိသိသာသာတွေ့ရှိခဲ့တယ်လို့ တနင်္လာနေ့က ထုတ်ဝေတဲ့ Heart ဂျာနယ်မှာပါရှိတဲ့ သုတေသနစာတမ်းမှာ ဖော်ပြထားပါတယ်။
 
"အရင်တုန်းကဆိုရင် ဆရာဝန်တွေက လူနာတွေကို ကြက်ဥမစားဖို့ တိုက်တွန်းခဲ့တာရှိပါတယ်၊ ဘာကြောင့်လဲဆိုတော့ ကြက်ဥမှာ ကိုလက်စထရော အများကြီးပါဝင်တာကြောင့် အန္တရာယ်ရှိနိုင်တယ်လို့ ယူဆမိခဲ့ကြလို့ပါ" လို့ ဘေကျင်းအမျိုးသားကျန်းမာရေးဌါနက ပရော်ဖက်ဆာ Canquing Yu က ပြောပါတယ်။
 
အတိုင်းအတာတစ်ခုထိ သုတေသနစမ်းသပ်ချက်တွေအရ ကြက်ဥစားသုံးခြင်းနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတို့အကြား အခုချိန်ထိတော့ အငြင်းပွားစရာလေးတွေ ရှိနေသေးပါတယ်လို့လည်း ဖော်ပြထားပါတယ်။

CNN
 


23 May 2018     1,589 Views




RELATED

Most Popular of Health Fix

Most Popular of Life Style