BEC-TERO TV

အရက်ကြောင်ပြီး သားဖြစ်သူက မိဘနှစ်ပါးအား ပေါက်တူနှင့်ခုတ်မှုဖြစ်ပွား

22 May 2018     1,373 Views


ယနေ့ မေလ ၂၂ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်တွင် သားဖြစ်သူက မိဘနှစ်ပါးအား ပေါက်သတူဖြင့် ခုတ်မှုဖြစ်ပွားခဲ့ကြောင်းသိရသည် ။
 
ဖြစ်စဉ်မှာ ကျောက်တန်းမြို့ နယ် ကမာကလုပ်နယ်မြေရဲစခန်းအပိုင် မင်္ဂလွန်းကျေးရွာ၌နေထိုင်းသော သားဖြစ်သူ စိုးသူ ၂၅ နှစ်က အရက်ကြောင်ပြီး ၄င်း၏ဖခင်ဖြစ်သူ ဦးတင်ဝင်း ၅၈ နှစ်နှင့် ဖိခင်ဖြစ်သူ ဒေါ်သန်းမြင့် ၅၆ တို့အားပေါက်တူဖြင့်ခုတ်ဖြစ်ပွဲခဲ့သည် ။
 
 
ဖခင်ဖြစ်သူမှာ ဘယ်ဘက်မျက်ခုံးပြတ်ရှ၊ဦးခေါင်းနောက်စေ့ ပြတ်ရှဒဏ်ရာနှင့်မိခင်ဖြစ်သူဒေါ်သန်မြင့်တွင် ဘယ်ဘက်နားထင်ပြတ်ရှဒဏ်ရာများရရှိခဲ့ပြီး စိုးရိမ်ရသဖြင့် တာဝန်ရှိသူများက ရန်ကုန်ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ကုသလျက်ရှိသည် ။
 
မိဘနှစ်ပါးအားပေါက်တူးဖြင့်ခုတ်ခဲ့သူ၊စိုးသူအားကမာကလုပ်နယ်မြေရဲစခန်းမှ(ပ)၂၄/၂၀၁၈၊ပုဒ်မ-၃၂၆၊အရဖမ်းဆီးအရေး ယူထားကြောင်းသိရပါသည်။

22 May 2018     1,373 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS