မိဘသဘောမတူသဖြင့် လိင်တူချစ်သူနှစ်ဦး အဆိပ်သောက်သေ
16 May 2018 1,429 Views

မေလ ၁၅ ရက်နေ့တွင် မြင်ခြံတောင်သာမြို့ နေ Gay ချစ်သူနှစ်နှစ်ဦးအတူတူနေထိုင်နေသည်ကို မိဘများကသဘောမတူသဖြင့် ချစ်သူစုံတွဲ အဆိပ်သောက်ပြီး သေဆုံးမှုဖြစ်ပွားခဲ့သည် ။
ဖြစ်စဉ်မှာ Gay အသက် ၂၀ နဲ့ ကောင်းလေး ၁၇ နှစ်တို့ တစ်ဦးနှင့်တစ်ဦး ချစ်ကျွမ်းဝင်ပြီး ၃ လကျော် အတူ ပေါင်းသင်းနေထိုင်ခဲ့ကြသည် ။ မိသားစုများက အတူတူမနေထိုင်ရန် သူတို့နှစ်ယောက်ကို ခွဲသဖြင့် ချစ်သူ ၂ ဦး ပဲစင်းငုံခင်းကိုဖြန်းတဲ့ ပိုးသတ်ဆေးသောက်ပြီး နှစ်ယောက်သား အဆုံးစီရင်ခဲ့ကြသည် ။
.jpg)
Facebook ပေါ်တွင် Harry LV Naing ၏ရေးသားချက်များအရ " ဘယ်လိုအခက်ခဲတွေပဲကြုံလာကြုံလာ ဒီလိုနည်းနဲ့မဖြေရှင်းကြဖို့တိုက်တွန်းပါရစေ။ မြင်းခြံ တောင်သာမြို့နေGay (အသက်၂၀) နဲ့ ကောင်လေး (၁၇) နှစ် ချစ်သူနှစ်ယောက် ချစ်ကျွမ်းဝင်ပြီး ပေါင်းသင်းနေထိုင်ကြတာ ၃ လကျော်ပီ။ ကောင်လေးက ပန်းရံလုပ်ပြီး gayလေးက မိတ်ကပ်လိမ်းတယ်။ ချစ်သူနှစ်ယောက်တယောက်နဲ့တယောက်အပြန်အလှန်လုပ်ကျွေးပြီးအတူတူနေကြတယ်။ Gayလေးရဲ့အိမ်မှာအတူနေကြတယ်။
သူတို့ချစ်သူနှစ်ယောက် ကို Gayလေးရဲ့ မိသားစုက အကိုနဲ့ အမေကခွဲကြတယ်။ gayလေးက ဒီမနက်ပဲ(15.5.2018) တောင်သာရဲစခန်းမှာ သူတို့ကို မခွဲဖို့ အိမ်ခွဲပီး အတူတူနေဖို့ကို သွားရောက်အကူအညီတောင်းခံခဲ့ရှာတယ်။ သူ့အကိုကိုကြောက်လို့ ၊ သူ့အကိုက သူတို့ကိုခွဲမှာစိုးလို့ ။ ရဲစခန်းက မိသားစုကိစ္စမို့ ဆောင်ရွက်မပေးလိုက်ဘူးပေါ့ဗျာ။ Gayလေးရဲ့အိမ်ကတော့ အတူမနေဖို့ ထပ်ခွဲကြတယ်။
.jpg)
ဒီနေ့ နေ့လည် မှာပဲ ချစ်သူ၂ယောက် ပဲစင်းငုံယာခင်းနံဘေးလေးမှာ ပဲစင်းငုံခင်းကိုဖြန်းတဲ့ ပိုးသတ်ဆေး သောက်ပီး နှစ်ယောက်သား အဆုံးစီရင်ကြသတဲ့ မသေခင် ရင်တွေပူတာမခံစားနိုင်လို့ ကောင်လေးက သူ့သူငယ်ချင်းတွေကိုဖုန်းဆက်ခေါ်တယ်။ ကောင်လေးသူငယ်ချင်းတွေက ၂ယောက်လုံးကို သိသိချင်းဆေးရုံတင်ပေမဲ့ Gayလေးက အခုတော့ဆုံးသွားပီတဲ့ဗျာ။
ကောင်လေးက ခုထိသတိမလည် သလို သွေးပေါင်တောင်တိုင်းမရပါဘူး။ ကောင်လေး က တောင်သာ မိုးနှောင်းခင်ကဆိုတော့ သူ့အမေကခုမှဆေးရုံရောက်လာပီး သားကိုမြင်တော့ တက်သွားတယ်။ ဒါပေမဲ့ အခု လေးတင်ပဲ ကောင်လေးလဲ ဆုံးသွားရှာပြီတဲ့ဗျာ။ နောက်ဘဝများရှိခဲ့ရင် ဒီလိုအဖြစ်ဆိုးမျိုးနဲ့ကင်းဝေးပါစေ။ " ဟု ရေးသားထားပါတယ် ။
Source : Harry LV Naing