BEC-TERO TV

မူဆယ်တွင်တိုက်ခိုက်ခံရမှုကြောင့် တရုတ်နိုင်ငံသား သုံးဦးသေဆုံး

15 May 2018     1,390 Views


မေလ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်မြို့ နယ် ရဲကင်းစခန်းနှင့် ပြည်သူ့ စစ်များကို တအာင်းလက်နက်ကိုင်အဖွဲ့  ( TNLA ) က ဝင်ရောက်တိုက်ခိုက်ရာ သေဆုံးသူ ၂၀ ဦးအနက် သုံးဦးမှာ တရုတ်နိုင်ငံသားများ ဖြစ်သည်ဟု သိရသည် ။
 
 
သေဆုံးသူ တရုတ်နိုင်ငံသားများမှာ အသက် ( ၂၈ ) နှစ်နှင့် (၂၉ ) နှစ်အရွယ်အမျိုးသားဖြစ်ပြီး ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးပါဝင်သည်ဟုသိရသည် ။ သေဆုံးသွားခဲ့သောအလောင်းများ၏အရိုးပြာကို တရုတ်နိုင်ငံရွေလီရဲ့တပ်ဖွဲ့  မိသားစုဝင်များထံသို့အပ်ခဲ့သည် ။
 
‘မနေ့က မီးရှို့သင်္ဂြိုဟ်ပြီး အရိုးပြာ သုံးအိုးလုပ်ပြီး ဒီနေ့ပဲ လွှဲလိုက်တယ်။ သေဆုံးသူတွေက တရုတ်ဘက်ကနေလာပြီး ဒီဘက်မှာ ကားမောင်းနေသူတွေလို့ သိရတယ်’’ဟု 7 days news သတင်းဌာနတွင် ရေးသားဖော်ပြထားပါသည် ။
 
 
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ပြင်မှာ ပြီးခဲ့တဲ့စနေနေ့က TNLA တအောင်းတပ်ဖွဲ့တွေနဲ့ မြန်မာ အစိုးရတပ်တွေ တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး ရဲ၊ပြည်သူ့စစ်နဲ့အရပ်သား၂၀လောက်သေဆုံးခဲ့ရပြီး၂၇ဦး ဒဏ်ရာရခဲ့ပါတယ်။ မြန်မာအစိုးရကတော့ ဒီတိုက်ခိုက်မှုဟာ KIA ကချင်လွတ်လပ်ရေးအဖွဲ့နဲ့ TNLA အဖွဲ့တို့ရဲ့လက်ချက်လို့ သတင်းထုတ် ပြန်ပါတယ်။ လောလောဆယ်မှာတော့ မူဆယ်မြို့မှာ အခြေအနေတွေတည်တည်ငြိမ်ငြိမ်ရှိနေပြီး နယ်စပ်ကုန်သွယ်ရေး လည်း ပြန်လည်ပတ်နေတယ်လို့ ဗွီအိုအေကစုံစမ်းသိရှိရပါတယ်။

15 May 2018     1,390 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS