ဝနေပေမယ့် ဗိုက်မပူရခြင်းအကြောင်းကို ပြောပြလိုက်တဲ့ မေပန်းချီစိုးနောင်
10 May 2018 2,616 Views

တစ်တုတ်လေးလို့ ချစ်စနိုးနာမည်ပေးထားကြတဲ့ မေပန်းချီတစ်ယောက် သူမ၀နေပေမယ့် ဗိုက်မပူရတဲ့အကြောင်းကို ပရိသတ်တွေကိုပြောပြလိုက်ပါတယ်။ သူမ၀နေပေမယ့် သူမရဲ့ဗိုက်ကလေးကတော့ မ၀ပဲချပ်နေတာကို ပရိတ်သတ်တွေလဲ သတိထားမိမှာပါ။
ဒီလျှို့ဝှက်ချက်ကို သိချင်ကြတဲ့ ပရိတ်သတ်တွေက မေပန်းချီကို “ဗိုက်သိပ်မပူဘူးနော် ဘာလုပ်လဲ၊ ဓာတ်ပုံရိုက်ရင်အသက်အောင့် ရိုက်တာလား” ဆိုတဲ့ မေးခွန်းတွေအပေါ် မေပန်းချီကပြန်လည်ဖြေဆိုထားတာဖြစ်ပါတယ်။ သူမရဲ့ပေါင်ချိန်ဟာ ၁၆၀ နီးနီးလောက်ရှိပြီး သူမက ၀ပါတယ်လို့လည်းပြောထားပါသေးတယ်။
“ဟုတ်တယ် ကျွန်မဝပါတယ်၊ ပေါင်ချိန်၁၆၀နီးနီးရှိပါတယ်၊ ဒါပေမဲ့ တစ်တုတ်ကိုမေးမေးကျတယ် ဗိုက်သိပ်မပူဘူးနော် ဘာလုပ်လဲမေးကျတယ်(အသက်အောင့်ရိုက်သလား ဘာလားပေါ့) တကယ်တော့အရင်တုန်းက ဘယ်လီ(belly)တအားရိုက်ထားတဲ့အကျိုးပါ” ဆိုပြီး ဖေ့စ်ဘွတ်စာမျက်နှာကတစ်ဆင့် သူမရဲ့လျှို့ဝှက်ချက်ကို ပြောပြခဲ့တာဖြစ်ပါတယ်။ တစ်ချို့ပရိတ်သတ်တွေရဲ့ မေပန်းချီကိုကိတ်တယ်လို့ ထင်နေကြသူတွေကိုလည်း မေပန်းချီက သူမကကိတ်တာမဟုတ်ပဲဝနေတာပါလို့ အင်တာဗျူးတွေကနေ ပြောဆိုလေ့ရှိပါတယ်။
ကဲခုဆို ပရိသတ်တွေလည်း မေပန်းချီဘာလို့ဗိုက်ချပ်နေလဲဆိုတာ သိသွားပြီပေါ့နော်။ မေပန်းချီလို ၀နေပေမယ့်လည်း ဗိုက်ချပ်ချင်ရင်တော့ အိပ်ထမတင်များများလုပ်ဖို့လိုမယ်နော်။