BEC-TERO TV

ရွာသားတစ်ဦး အကြောင်းမဲ့ သေနတ်ဖြင့် ပစ်ခံ

09 May 2018     1,349 Views


မေလ ၉ ရက်နေ့နံနက်ပိုင်း သီပေါမြို့ နယ် ကုန်းသာကျေးရွာတွင်နေသော အမျိုးသားတစ်ဦး သေနတ်ဖြင့် အပစ်ခံလိုက်ရကြောင်းသိရသည် ။
 
 
ဖြစ်စဉ်မှာ မနက် ၉ နာရီဝန်းကျင်တွင် အသံကြားရသဖြင့် အပြင်သို့ထွက်ကြည့်ရာမှ အပစ်ခံလိုက်ရသည်ဟု သိရသည် ။ သေနတ်သံကြားရလို့ ရွာသားများကလည် ချက်ချင်းသွားကြည့်ရာမှာ ဒဏ်ရာရသူမှာ အသက် ၃၀ အရွယ်စိုင်းကျော်မိုးဆိုသူ သေနတ်ပစ်ခံလိုက်ရသူဖြစ်ကြောင်း သိရသည် ။
 
 
“လူနာအိမ်ရောက်သွားလို့ မေးကြည့်တော့မှ ကာယကံရှင်က မနေ့ညက သူအပစ်ခံရတယ်လို့ ပြောပါတယ်။ မနေ့ညက သူ့အိမ်ပေါ်ကို ကျောက်ခဲကျလို့  သူက ထွက်ကြည့်တဲ့အချိန် အဲမှာပစ်သွားတာပေါ့။ ဘယ်သူ ပစ်လဲဆိုတာ သူတို့လဲမသိဘူးတဲ့။ ရန်ငြိုးရန်စလည်း မရှိဘူးပြောတယ်။ ဒဏ်ရာက ညာဘက်ခြေ သလုံးနဲ့ ဒူးဆစ်ကြား တစ်ချက်ထိသွားတယ်၊ ဘယ်ဘက်ခြေထောက်ကတော့ ပွန်းပဲ့ဒဏ်ရာတွေပေါ့။” ဟု ဒီဗွီဘီသတင်းဌာနတွင် ရေးသားဖော်ပြထားပါသည် ။
 
 
ဒဏ်ရာရသူကို အခင်းဖြစ်နေရာတွင် ရဲတပ်ဖွဲ့က စစ်ဆေးပြီးနောက် သီပေါမြို့ရှိ နယ်စည်းမခြား ပရဟိတအသင်းက သီပေါပြည်သူ့ဆေးရုံသို့ ပို့ဆောင် ပေးထားကြောင်း သိရသည်။ မေလ(၈)ရက်နေ့ နေ့လယ်ပိုင်းကလည်း သီပေါမြို့နယ် ကြံခင်းကျေးရွာ(ရေပူစမ်းရွာ)အနီး မောင်ဖုန်းတောင် အဆင်းတွင် မန္တလေးဘက်မှလာသည့် နွားတင်လာသော ကားတစ်စီးအား သေနတ်ဖြင့်ပစ်ခံခဲ့ရပြီး ယာဉ်မောင်းသေဆုံးကာ အမျိုးသား (၂) ဦး သေနတ်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

09 May 2018     1,349 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS