BEC-TERO TV

ဆိုင်ကယ်နှင့်ကား မျက်နှာချင်းဆိုင်တိုက်မိရာမှ လူနှစ်ဦးသေ ၂ ဦးဒဏ်ရာရ

09 May 2018     1,305 Views


မေလ ၇ ရက်နေ့ ည ၁၁ နာရီခန့် ပေါင်မြို့ စမ်းညီနောင်ချောင်းတံတားတွင် ကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင် အနေအထားယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး လူနှစ်ဦးသေကာ ၂ ဦးဒဏ်ရာရသွားခဲ့သည် ။
 
 
ဖြစ်စဉ်မှာ မော်လမြိုင်ဘက်သို့ မောင်းနှင်လာသည့် ဟိုက်ဂျက်အမျိုးအစားယာဉ်သည် စမ်းညီနောင်တံတားအရောက်တွင် တဖက်ယာဉ်ကြောမှ အမျိုးသားတစ်ဦးမောင်းပြီးအနောက်တွင် အမျိုးသားတစ်ဦးလိုက်ပါလာသည့် ဆိုင်ကယ်နှင့် လမ်းလယ်တွင် မျက်နှာချင်းဆိုင်တိုက်မိခဲ့ပြီးယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူနှင့် လိုက်ပါလာသူ ၂ ဦးစလုံးအခင်းဖြစ်နေရာတွင် သေဆုံးခဲ့သည် ။
 
 
သေဆုံးသူများမှာ ပေါင်ဘက်မှ ဇင်းကျိုက်ဘက်သို့ မောင်းသွားသည့်၁၃ယ/၆၀၆၀၉ ဟွန်ဒါ ဝေ့ ၁၀၀ ဆိုင်ကယ်မောင်းသူ ရွှေအ (ခ)ပြည့်ဖြိုးအောင် (ဘ)ဦး ညွန့်တင် ရွာသစ်ပိုင်းကျွဲခြံကျေးရွာနေသူနှင့် နောက်ကထိုင်လာသူ မျိုးကို ၁၈နှစ် (ဘ)ဦးဖိုးခိုင် ကော့ထော်ရွာ ပေါင်မြို့နယ် နေသူတို့ဖြစ်သည်ဟုသိရသည် ။
 
 
ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရဲစခန်းမှ ယာဉ်(ပ)၃၇ /၂၀၁၈ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄/၃၃၇ အရ ဆိုင်ကယ်မောင်းသူနှင့် ကားမောင်းသူ ၂ဦးလုံးကို အမှုဖွင့်အရေးယူထားသည် ။

09 May 2018     1,305 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS