မကျေနပ်လို့ ယောက္ခမကို သားမက်က လည်းပင်းညှစ်ကာ ကိုင်ပေါက်သတ်
09 May 2018 1,573 Views
မေလ ၈ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီခန့်အချိန်တွင် သမက်ဖြစ်သူမှ ယောက္ခမဖြစ်သူ၏လည်ပင်းကို ညှစ်ပြီးကိုင်ပေါက်သဖြင့် ယောက္ခဖြစ်သူသေဆုံးခဲ့သည် ။
ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး သာယာ ဝတီခရိုင် နတ်တလင်းမြို့ နယ် သာယာကုန်းကျေးရွာအုပ်စု ကျီးပင် ဆင်ခေါင်းရွာတွင် နေထိုင်သော ခင်ပွန်းဖြစ်သူ မြင့်သောင်းသည် အရက်သေစာသောက်စားမူးရူးပြီး ဇနီးဖြစ်သူခင်ကြူးနှင့် စကားများရန်ဖြစ်မှုဖြစ်ပွားခဲ့သည် ။
ထိုရာတွင် တစ်ရွာတည်းနေ ယောက္ခဖြစ်သူမှ ရန်ဖြစ်ပွားနေသည်ကို လာရောက်ဖျန်ဖြေပေးသည်ကို သမက်ဖြစ်သူက မကျေနပ်သဖြင့် လည်ပင်းညှစ်ကိုင်ပေါက်ပြီး ယောက္ခဖြစ်သူမှာ အခင်းဖြစ်ပွားရာတွင် သေဆုံးခဲ့သည် ။ ယောက္ခဖြစ်သူမှာ ပါးစပ်တွင် သွေးထွက်ပြီး လည်ပင်းညိုမည်းဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်းသိရသည် ။
သေဆုံးသူ၏သား ဖြစ်သူကိုထွန်းထွန်းဝင်းက တရား လိုပြုလုပ်တိုင်ကြားရာ တာပွန်နယ် မြေရဲစခန်း၏(ပ)၈ဝ/၂ဝ၁၈၊ ရာ ဇသတ်ကြီးပုဒ်မ ၃ဝ၂ဖြင့်အမှုဖွင့် ထားရှိပြီး စခန်းမှူးရဲအုပ်အောင် ဇော်မိုးကအခင်းဖြစ်ရပ်အားစစ်ဆေး ခြင်း၊တရားခံဖမ်းဆီးခြင်း၊အလောင်း အား တာပွန်တိုက်နယ်ဆေးရုံသို့ ပို့ အပ်ပေးခြင်းများ ဆက်လက် ဆောင်ရွက်ကြောင်း သိရသည်။