လားရှိုးတွင် ဓားရှည်နဲ့ မြို့ပတ်နေသော လူငယ်နှစ်ဦးအား ဖမ်းဆီး
08 May 2018 1,793 Views
မေလ ၇ ရက်နေ့ညနေပိုင်းတွင် လူငယ်နှစ်ဦး ဦးထုပ်မဆောင်ဘဲဆိုင်ကယ်မောင်းနှင်လာစဉ် ရဲများက စစ်ဆေးရာမှ ဓါးရှည် တစ်ချောင်းသယ်ဆောင်လာသည်ကို ရဲများက ဖမ်းဆီးထားခဲ့သည် ။
ဖြစ်စဉ်မှာ လူငယ်နှစ်ဦးသည် ယာဉ်စည်းကမ်း လမ်းစည်းကမ်း စစ်ဆေးမှုပြုလုပ်နေသည့် ယာဉ်ထိန်းများရှေ့ တွင် စီးနင်းလာသည့် ဆိုင်ကယ်ပေါ်မှ ဓါးအရှည် နှစ်ပေခန့်ရှိသည့် ဓါးတစ်လက်ကို ယာဉ်ထိန်းများရှေ့တွင် ဆွဲယူထုတ်ခြင်းများပြုလုပ်ခဲ့သည်ဟု သိရသည် ။
“ယာဉ်ထိန်းတွေက ဆိုင်ကယ်ဦးထုပ်ဆောင်း၊ မဆောင်းစစ်ဆေးရင်းနဲ့ ဆိုင်ကယ်ပေါ်ဓါးဆောင်လာတဲ့ လူငယ် နှစ်ယောက်ကိုတွေ့တာ။ အဲဒီမှာ အဝိုင်းပတ်နားမှာရှိတဲ့ ရဲတပ်ဖွဲ့ကိုအပ်ပြီး အဲဒီကမှတစ်ဆင့် မြို့မရဲစခန်းကို ခေါ်ယူထိန်းသိမ်းလိုက်တာပါ”ဟု တာချိလိတ်အွန်လိုင်းသတင်းဌာနတွင် ရေးသားဖော်ပြထားပါသည် ။
လက်နက်ကိုင်ဆောင်လာမှုဖြင့် အဆိုပါ လူငယ်နှစ်ဦးအား လားရှိုးမြို့မရဲစခန်းတွင် ပုဒ်မ ၁၉ (င) ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။