BEC-TERO TV

စိုင်းဆိုင်မောဝ် သေဆုံးသည်ဆိုသောသတင်း သူကိုယ်တိုင် ရှင်းလင်း ( ရုပ်သံ )

08 May 2018     1,788 Views


လူမှုကွန်ရက်ပေါ်တွင် စိုင်းဆိုင်မောဝ် ကွယ်လွန်သွားပြီဆိုတဲ့သတင်း မေလ ၇ ရက်နေ့ညနေပိုင်းက  သတင်းများပျံ့နှံ့ ခဲ့ပါတယ် ။ ထိုသတင်းဟာ လုံးဝမမှန်ကန်ကြောင်း စိုင်းဆိုင်မောဝ်ကိုယ်တိုင် Facebook Live တိုက်ရိုက်လွင့်ပြီး ရှင်းခဲ့ပါသည် ။
 
 
"ကျွန်တော်ရဲ့ မဟုတ်သတင်းတွေ၊ မကောင်းသတင်းတွေကို ထုတ်လွင့်နေတဲ့ ပုဂ္ဂိုလ်ကို မသိရပါဘူး။ကျွန်တော်မသိတဲ့ ကြားထဲကနေပြီးတော့ ကျွန်တော်သတင်း မဟုတ်တာတွေ တင်တော့ ကျွန်တော်တို့ မတတ်နိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော် အချိန်မီ မီသလောက်ကို live လွင့်ပြီးတော့ ပရိတ်သတ်များကို ရှင်းပြပါတယ်။ ကျွန်တော် မသေ သေးပါဘူး။ အသက်ရှင်နေပါသေးတယ်" ဟု တေးသံရှင် စိုင်းဆိုင်မောဝ်က ပြောပါသည် ။
 
ဒါကြောင့် စိုင်းဆိုင်မောဝ် သေဆုံးပြီဆိုတဲ့ သတင်းဟာ မဟုတ်မမှန်သတင်းသာ ဖြစ်ပါသည် ။ သတင်းအချို့ မှာ အခေါင်းထဲက လူတစ်ယောက်ပုံနဲ့အတူ လူမှုကွန်ယက်တွင် ပြန့်ခဲ့တာကိုလည်း တွေ့ ရပါတယ် ။
 
 
တေးသံရှင် စိုင်းဆိုင်မော့(ဝ်)သည် ပြီးခဲ့သည့် ဧပြီလအတွင်း ထိုင်းနိုင်ငံ၊ဘန်ကောက်သို့ သွားရောက်ကာ ကျောက်ကပ်ရောဂါ ကုသခဲ့ရပြီး ရန်ကုန်တွင်လည်း အာရုံ​ကြောနှင့် ကျာကပ်​တို့အတွက် ​ဆေးစစ်​မှုများ ပြုလုပ်နေရကြောင်းသိရသည်။

08 May 2018     1,788 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS