အရက်ကြောင်ပြီး ကိုယ့်ဗိုက်ကို ဓါးဖြင့် ကန့်လန့်ထိုးခွဲ
07 May 2018 1,414 Views
မေလ ၆ ရက်နေ့ နံနက်ပိုင်းတွင် အမျိုးသားတစ်ဦး ဓါးဖြင့် မိမိဝမ်းဗိုက်အားထိုးရာ အူထွက်ဒဏ်ရာဖြင့် လားရှိုးပြည်သူ့ဆေးရုံသို့ လာရောက်ဆေးကုခဲ့သည် ။
ဖြစ်စဉ်မှာ အမျိုးသားသည် နေအိမ်တွင် မိမိဘာသာ အရက်ဖြတ်သည့် (၅) ရက်မြောက်နေ့ မေလ (၅)ရက်နေ့ ည (၁၁)နာရီခွဲဝန်းကျင်တွင် မိမိဝမ်းဗိုက်အား မိမိကိုယ်တိုင် ခြောက်လက်မခန့်ရှိ ဟင်းလှီးဓါးဖြင့် ကန့်လန့်ဖြတ်လှီးခဲ့သည်ဟု သိရသည် ။
အဆိုပါအမျိုးသားသည် အသက် (၄၅ ) နှစ် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ နယ် မိုင်းယော်ကျေးရွာတွင် နေထိုင်းသူဖြစ်သည်ဟုသိရသည် ။ မိမိဝမ်းဗိုက်ကို ဓါးဖြင့် ကန့်လန့်ဖြတ်ခဲ့သဖြင့် မေလ ၆ ရက် နံနက်ပိုင်းတွင် အိမ်နီးချင်ရွာသူရွာသားများက ကူညီပြီး လားရှိုးပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ခဲ့သည် ။
ရဲခန်းမှ တရားခံကို မိမိကိုယ်ကို သေကြောင်းကြံစည်မှုဖြင့် ( ပ ) ၆၅ / ၂၀၁၈ ပုဒ်မ ၃၀၉ ဖြင့်အမှုဖွင့် အရေးယူထားကြောင်း သိရသည် ။