ရထားသံလမ်းကို ဖြတ်ကူးသူအမျိုးသမီး ရထားအတိုက်ခံရ
07 May 2018 1,305 Views
မေလ ၅ ရက်နေ့တွင် အမျိုးသမီးတစ်ဦးက ရထားလာနေစဉ် ရထားနှင့် လွတ်မည်ထင်၍ ရထားသံလမ်းအား ဖြတ်ကူးရာ ရထားအတိုက်ခံရပြီး သေဆုံးခဲ့ကြောင်းသိရသည် ။
ဖြစ်စဉ်မှာ မေလ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က မန္တလေး-ပြင်ဦးလွင် ရထားသံလမ်း ရထားလမ်းကြေးနန်းတိုင် အမှတ်(၄၂၀/၁-၂)ကြား အမျိုးသမီးတစ်ဦး ရထားသံလမ်းအား ကူးဖြတ်ရာတွင် ရထားတိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း ရဲတယ်ဖွဲ့ ၏ ထုတ်ပြန်ချက်အရသိရသည် ။
" သေဆုံးသူမှာ အဆိုပါကျေးရွာနေ မသန္တာအေး၊ (၃၀)နှစ်ဖြစ်ပြီး မန္တလေးဘက်မှ ပြင်ဦးလွင်ဘက်သို့ မောင်းနှင် လာသော ကျောက်ရထား(အဆန်)လာစဉ် ရထားနှင့် လွတ်မည်ထင်၍ ရထားလမ်းအား ဖြတ်ကူးရာမှ ရထား တိုက်ခံရပြီး ဒဏ်ရာများရရှိကာ သေဆုံးသွားခြင်းဖြစ်ကြောင်း " ရန်ကုန်သတင်းဌာနတွင် ရေးသားဖော်ပြထားပါသည် ။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ( ၁၁ / ၂၀၁၈ ) အမှုဖြင့် စစ်ဆေးလျက်ရှိကြောင်း သိရသည် ။