BEC-TERO TV

တာချီလိတ်မြို့ ဝပ်ရှော့တွင် ၁၇ နှစ် ကလေးတစ်ယောက် ကြိုးဆွဲချသေဆုံး

04 May 2018     1,580 Views


မေလ ၃ ရက်နေ့ ည ၉ နာရီခန့် တာချီလိတ်မြို့ ဟောင်လိတ်စက်မှုဇုံရှိ ရွှေဗူးသီး ဝပ်ရှော့တွင် ကလေးတစ်ယောက် ကြိုးဆွဲချသေဆုံးနေသည်ဟု သိရသည် ။
 
 
ဖြစ်စဉ်မှာ ည ၉ နာရီခွဲခန့်အချိန်တွင် ကလေးတစ်ယောက် ကြိုးဆွဲချသေဆုံးနေသည်ကို ဦးလှမိုးက လာရောက်ကူညီပေးပါရန် တာဝန်ရှိသူများထံသို့ ဖုန်းဆက်အကူအညီတောင်းခဲ့သည် ။ တာချီလိတ်မြို့  ဟောင်လိတ်ရဲစခန်းမှ အခင်းဖြစ်နေရာသို့ ရောက်ရှိလာပြီး စစ်ဆေးမှုများပြုလုပ်ခဲ့သည် ။ သေဆုံးသူ၏အလောင်းကို တာချီလိတ်မြို့  ဓမ္မသီရိဆေးရုံမော်ကြူရီထဲသို့  တာဝန်ရှိသူများက ကူညီပို့ဆောင်ပေးခဲ့ကြပါသည် ။
 
 
သေဆုံးသူမှာ ရွှေဗူးသီး ဝပ်ရှော့တွင်ပညာသင်ကြားနေသော အသက် ( ၁၇ ) နှစ်အရွယ် ( မောင်မျိုးသူနိုင် ) ဆိုသူပင်ဖြစ်ပါသည်။ သေဆုံးသူတွင် ဖခင်ဖြစ်သူမှာ သေဆုံးပြီး မိခင်ဖြစ်သူမှာ ဘယ်ရောက်နေမှန်း မသိပါ အုပ်ထိန်းသူ ဦးလေးနှင့် အဒေါ်ဆိုသူတော့ ရှိပါသည်ဟု သိရသည် ။
 
 
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး သက်ဆိုင်ရာ ပြည်သူ့ ရဲတပ်ဖွဲ့ မှ စုံစမ်းစစ်ဆေးလျှက်ရှိကြောင်းသိရပါသည် ။

04 May 2018     1,580 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS