BEC-TERO TV

ရွှေပြည်သာမြို့နယ်တွင် စက်ရုံလုပ်သား (၁၃) ဦး ဓာတ်လိုက်ပြီး (၁) ဦး သေဆုံး

03 May 2018     1,372 Views


မေလ ၁ ရက်နေ့ နေ့လယ် ၁ နာရီခန့်အချိန် အထည်ချုပ်စက်ရုံတွင် စက်ရုံလုပ်သား ၁၃ ဦးခန့်ဓာတ်လိုက်ခဲ့ရာမှ ၁ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်းသိရသည် ။
 
ဖြစ်စဉ်မှာ လုပ်သားများ အထည်ချုပ်စက်ရုံဝင်းအတွင်း အလုပ်လုပ်နေစဉ် စက်ရုံလုပ်သား ၁၃ ဦးမှ ပစ္စည်းတင်ရာတွင် အသုံးပြုသော သံစက်ကို နေရာရွှေ့ပြောင်းရာ ကြမ်းခင်းတွင်ရှိနေသည့် လျှပ်စစ်ဓာတ်အား စီးဆင်းနေသောမီးကြိုးပေါ်သို့ချမိရာ ဓာတ်လိုက်ခြင်းဖြစ်ကြောင်းသိရသည် ။
 
“နှစ်လက်မပတ်လည်သံအင်္ဂတေနဲ့လုပ်ထားတဲ့ပစ္စည်းတင်တဲ့စင်ကို လူ ၁၃ ယောက်လောက်ကမလာပြီး မောလို့ ခဏနားမယ်ဆိုပြီးမီးကြိုးပေါ်ကိုသွားချမိတာ။ သွားချမိတော့ သူတို့မတဲ့စင်က ၀ိတ်များတဲ့အတွက် မီးကြိုးက Cover ပေါက်ပြီးတော့ ဓာတ်စီးကူပြီး လိုက်သွားတာပေါ့။ ၁၈ နှစ်အရွယ် မျိုးဇော်လင်း သေသွားတယ်။ ၅ ယောက်လောက်ဒဏ်ရာရသွားလို့အင်းစိန်ဆေးရုံမှာ ပို့ဆောင်ထားပါတယ်။ မစိုးရိမ်ရပါဘူး” ဟု အကုန်သိသတင်းဌာနတွင်ရေးသားဖော်ပြထားပါသည် ။
 
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၁၄/၂၀၁၈ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည် ။

03 May 2018     1,372 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS