BEC-TERO TV

YBS ယာဉ်လိုင်များပေါ်တွင် သောင်းကျန်းလွန်းသည့် ခါးပိုက်နှိုက်

03 May 2018     1,322 Views


မေလ ၁ ရက်နေ့တွင် YBS ယာဉ်လိုင်များပေါ် ခိုးမှု ၊ လုယက်မှုလွန်သူများအား ရဲတပ်ဖွဲ့ ဝင်များက ခရီးသည်အသွင်ဖြင့်လိုက်ပါကာ ခါးပိုက်နှိုက်ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့သည်ဟု သိရသည် ။
 
ဖြစ်စဉ်မှာ မေလ ၁ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန် ဘေလီကားမှတ်တိုင်တွင် အမှတ် ( ၄၂ ) YBS ခရီးသည်တင်ယာဉ်ပေါ်မှ ဆင်းလာသူ ခင်မောင်ဦး အသက် ( ၆၀ ) နှစ်အား ထိန်းသိမ်းစစ်ဆေးရာ ၄င်းလွယ်ထားသည့် ဘေးလွယ်အိတ်အတွင်းမှ Samsung လက်ကိုဖုန်းတစ်လုံးအား ရှာဖွေတွေ့ ရှိခဲ့သည် ။
 
အဆိုပါ ဖုန်နှင့် ပတ်သက်ပြီး စစ်ဆေးရာတွင် YBS ယာဉ်ပေါ်က အသက် ( ၂၀ ) နှစ်ခန့်ရှိအမျိုးသမီး၏ စလင်းဘတ်အိတ်အတွင်းမှ နှိုက်ယူရခဲ့ခြင်းဖြစ်ကြောင်း တရားခံမှဝန်ခံခဲ့သည် ။ တောင်ဥက္ကလာပမြို့မရဲစခန်းမှ တရားခံအား အမှုဖွင့်ကာ အရေးယူဆောင်ရွက်သွားမည်ဟု သိရသည် ။

03 May 2018     1,322 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS