BEC-TERO TV

ကျောက်တော်မြို့တွင် မူလတန်းပြကျောင်းဆရာတစ်ဦး ရေနစ်သေဆုံး

02 May 2018     1,365 Views


ဧပြီလ ၃၀ ရက်နေ့တွင် ကျင်းပနေသည့် ကျောက်တော်တောင်ပွဲ၌ မူလတန်းပြကျောင်းဆရာတစ်ဦး ရေနစ်သေဆုံးသွားကြောင်း သိရသည် ။
 
ဖြစ်စဉ်မှာ ရေနစ်သေဆုံးသူ အသက် ( ၃၀ ) အရွယ် ဦးကျော်ငြိမ်းဝေ ဖြစ်ပြီး ညနေ ၆ နာရီအချိန်ခန့် တောင်ခြေရင်းရှိ ရုပ်သားကျေးရွာအနီး မြစ်ပြင်တွင် ရေဆင်းကူးရာမှ ရေနစ်သေဆုံးသွားခြင်းဖြစ်သည် ။ သေဆုံးသွားသူမှာ မောင်တောနယ် ကွမ်းသီးပင်ကျေးရွာ မူလတန်းကျောင်းတွင် တာဝန်ကျနေသည့် မူလတန်းပြ ကျောင်းဆရာတစ်ဦးဖြစ်သည် ။ ကျောင်းဆရာတွင် ဇနီးနှင့် ကလေး ၁ ဦး ရှိသည်ဟု သိရသည် ။
 
 
"မနေ့က ညနေပိုင်းက ရေနစ်သေသွားတာဖြစ်ပါတယ်။ သူနစ်သွားတဲ့နေရာက ရေစီးသန်တဲ့ သုံးခွဆုံနေရာပါ။ အဲဒီမှာ ရေဆင်းကူးရာကနေ ခြေချော်ပြီး ရေစီးနဲ့ပါသွားတာ"ဟု နိရဉ္စရာ သတင်းဌာနတွင် ရေးသားဖော်ပြထားပါသည် ။
 
အဆိုပါဘုရားပွဲတွင် ကစ္ဆပနဒီမြစ်ပြင်၌ ရေကစားပျော်ရွှင်တတ်ကြရာ လူအသေအပျောက်လည်း ရှိတတ်သည့်အတွက် သတိထားပျော်ရွှင်ရန်လိုကြောင်းလည်း ဒေသခံများက ပြောဆိုနေကြသည်။
 

02 May 2018     1,365 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS