BEC-TERO TV

မန္တလေးတွင် Wave money ကိုယ်စားလှယ်များထံမှ ငွေခိုးထုတ်ယူမှုခံနေရ

02 May 2018     1,446 Views


မိုဘိုင်းမန်းနီးအဖြစ် တစ်နေရာမှနေ တစ်နေရာ အလွယ်တစ်ကူ ငွေလွှဲထုတ်ယူနိုင်သော ဝန်ဆောင်မှု Wave money ကုမ္ပဏီ၏ မန္တလေးမြို့ရှိ ကိုယ်စားလှယ်များထံမှ ငွေခိုးထုတ်ခံယူနေရမှုများရှိနေပြီး ကုမ္ပဏီအနေနဲ့ တာဝန်ခံမှု မရှိသေးကြောင်းသိရှိရသည်။

ဖြစ်စဉ်မှာ အရောင်းကိုယ်စားလှယ်များထံမှ verification code အား ခိုးယူပြီး မိနစ်ပိုင်းအတွင်း အခြား wave money ကိုယ်စားလှယ်ထံမှ ငွေထုတ်ယူခံရခြင်းများရှိသည်ဟု သိရသည်။
ဧပြီလ ၂၄ ရက်က wave money ကိုယ်စားလှယ်ဆိုင်ဖြစ်သည့် ကြုံဟော် ဖုန်းဆိုင်မှ ငွေ ၄၅၅၀၀၀ ကျပ်၊ ဧပြီ၂၆ ရက်က Angle Mobile အရောင်းဆိုင်မှ ငွေကျပ် ၁၀ သိန်း ၊ ၂၇ ရက်က Royal Rosy ကုန်မာဆိုင်မှ ငွေ ၃၈၄၀၀၀ ကျပ်နှင့် Light 39 ဆိုင်မှ ငွေကျပ် ၇သိန်း ခိုးယူခံရမှုများ ဖြစ်သည်။


ယခုလို ခိုးယူခံရမှုနဲ့ပတ်သက်ပြီး wave money ကုမ္ပဏီမှ တာဝန်ရှိသူများအား ဆိုင်ပိုင်ရှင်များက ဆက်သွယ်မေးမြန်းခဲ့ သော်လည်း ငွေခိုးယူခံရသည့် ကိုယ်စားလှယ်များအတွက် ဆောင်ရွက်ပေးမှု အားနည်းသည်ဟု ပြောဆိုကြသည်။


အဆိုပါခိုးယူခံရမှုများအတွက် အထက်မြန်မာပြည် wave money ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ငွေခိုးထုတ်ယူခြင်း ခံခဲ့ရသည့် ကိုယ်စားလှယ်များ ဧပြီ ၃၀ ရက်နေ့ နံနက် ၁၀ခွဲက စတင်တွေ့ဆုံခဲ့ကြရာ ညနေ ၃ကျော်သည်အထိ ပြေလည်မှုမရရှိခဲ့ဘဲ အဆိုပါကုမ္ပဏီမှ တာဝန်ရှိသူများက တိကျသေချာသည့် ဖြေရှင်းချက် မပေးနိုင်ခဲ့ကြကြောင်း Friday Times သတင်းတွင် ဖော်ပြထားသည်။

 


02 May 2018     1,446 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS