လှိုင်သာယာတွင် ပထွေးဖြစ်သူမှ ၉ နှစ်သမီးအား အဓ္ဓမပြုကျင့်မှုဖြစ်ပွား
02 May 2018 1,569 Views
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်တွင် ပထွေးဖြစ်သူမှ အသက် ၉ နှစ်အရွယ် သမီးကိုလှည့်ဖြားခေါ်ထုတ်ကာ အဓ္ဓမပြုကျင့်သော သက်ငယ်မုဒိန်းတစ်ခု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ဧပြီလ ၂၅ ရက်နေ့ ည ၈ နာရီခွဲ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ် ၁၄ ရပ်ကွက်၊ ချင်းတွင်းလမ်းတွင် နေထိုင်သော မိခင်ဖြစ်သူ ဒေါ်............. ၏ သမီး မ.............. အသက် ၉ နှစ်အား တစ်အိမ်ထဲတွင် အတူနေထိုင်သော ပထွေးဖြစ်သူ ဦးလူအေး အသက် ၃၇ နှစ်မှ စက်ဘီးစီးသင်ပေးမည်ဟု ပြောကာ နေအိမ်မှခေါ်ထုတ်သွားခဲ့ပြီး အဓ္ဓမပြုကျင့်ခဲ့ကြောင်း သိရှိရသည်။
မုဒိန်းမှုကျူးလွန်ခဲ့သူ ဦးလူအေး အား ထိရောက်စွာအပြစ်ပေးနိုင်ရန် အရပ်ဘက်အဖွဲ့အစည်း တစ်ခုဖြစ်သော သက်ငယ်မုဒိန်းဆန့်ကျင်သူများအဖွဲ့ (လှိုင်သာယာမြို့နယ်) မှ တရားလိုများဘက်မှ အမှုမှန်ပေါ်ပေါက်စေရန် လိုက်ပါဆောင်ရွက် ကြိုးပမ်းလျှက်ရှိကြောင်း သိရှိရသည်။
သတင်း - ကိုမြင့်လွင် - သက်ငယ်မုဒိန်းဆန့်ကျင်သူများအဖွဲ့ (လှိုင်သာယာမြို့နယ်)