သမီးရည်းစားစုံတွဲ အတူလျှောက်လည်ရင်း စကားများရာမှ လူသတ်မှုဖြစ်
24 Apr 2018 1,458 Views
ဧပြီလ ၂၁ ရက်နေ့ ည ၈ နာရီခန့်က မကွေးတိုင်း မရိုးကန်ကျေးရွာတွင် သမီးရည်းစားအချင်းချင်း စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားခဲ့သည်ဟု သိရသည် ။
ဖြစ်စဉ်မှာ တရွာတည်းနေ သမီးရည်းစားနှစ်ဦးဟာ ဆိုင်ကယ်နဲ့ ပွင့်ဖြူမြို့ကို အတူတူ သွားရောက်လည်ပတ်ခဲ့သည်။ အပြန်လမ်းမှာတော့ ကိစ္စတစ်ခုနဲ့ပက်သက်ပြီး လမ်းမှာ အချင်းအချင်း စကားများရန်ဖြစ်ကြရာ အမျိုးသားဖြစ်သူ ရည်းစားဖြစ်သူကို လည်ပင်းညှစ်သတ်ခဲ့သည်ဟု ဆိုပါသည် ။
“သေဆုံးသူ မအေးအေးဝင်း (၃၅ နှစ်) မှာ လည်ပင်း ညိုမည်းဒဏ်ရာ၊ နှာခေါင်းသွေးထွက် ဒဏ်ရာပါးစပ်မှ အရည်ထွက်လျှက်ဖြင့်သေဆုံးနေတာကို တွေ့ရှိခဲ့ပြီးလူသတ်မှု ကျူလွန်းသူမှာ ထွက်ပြေးတိမ်းရှောင်ခြင်း မရှိဘဲ ပဒါန်းရဲကင်းစခန်းသို့ ကိုယ်တိုင်လာရောက်အဖမ်းခံခဲ့တယ်”လို့ ရဲအုပ်ကျော်ဇေယျက ပြောပါသည်ဟု ဒီဗွီဘီသတင်းတွင် ရေးသားဖော်ပြထားပါသည် ။
ငဖဲမြို မရဲစခန်းမှ တရာခံ ခန့်ကျော်သူ ၂၉ နှစ်ကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် အရေးယူထားပါသည်ဟု သိရသည် ။