ရင်သားအဆမတန်ကြီးထွားလာသည့် ၁၃ နှစ်သမီးလေးအား ခွဲစိပ်ကုသမည်
09 Apr 2018 2,768 Views
ရှမ်းပြည်နယ်ရှိ ဝေးလံသီခေါင်သော အရပ်ဒေသဖြစ်သည့် မိုင်းရယ်နယ်စပ်မှ အသက် ၁၃ နှစ်အရွယ် ဆယ်ကျော်သက်မိန်းကလေးတစ်ဦး၏ ရင်သားမှာ အဆမတန်ကြီးထွားလာပြီး အလေးချိန် ပေါင် ၄၀ ကျော်ရှိနေသည့်အတွက် ဧပြီလ ၉ ရက်(ယနေ့)တွင် သီပေါဆေးရုံ၌ ခွဲစိပ်ကုသမည်ဖြစ်ကြောင်း သိရှိရသည်။
နန်းဆိုင်ဟူ ဆိုသော မိန်းကလေး ခံစားနေရသော ရောဂါမှာ အလွန်ရှားပါးသော ရောဂါဖြစ်ကြောင်း သီပေါဆေးရုံအုပ် ဒေါက်တာနန္ဒဝင်းက ပြောကြားသည်။
“ဟော်မုန်းစထွက်တဲ့အချိန် မှာ ရင်သားအပေါ်မှာ သွားပြီး တော့ သက်ရောက်မှုများသွားတာ ပေါ့။ သူ့အသက်(၁၁)နှစ်လောက် ကတည်းက ဖြစ်လာတယ်။ ၂ နှစ် အတွင်း အခု အသက်(၁၃)နှစ်အ ရွယ်မှာ အရမ်းကြီးလာတယ်။ ရင် သားတစ်ဖက်ကို ၁၀ ကီလို(၂၂) ပေါင်လောက် လေးတယ်။ နှစ် ဖက်ဆိုတော့ ပေါင် ၄၀ ကျော် ဖြစ် နေတော့ နေထိုင်ရတာလည်းမလွယ်ဘူး။ လေးလံလာတဲ့အတွက်ကြောင့် ကုသပေးဖို့ လိုအပ်လာတယ်” ဟု ဆိုသည်။
အဆိုပါခွဲစိတ်မှုကို ခွဲစိတ် အထူးကုဆရာဝန်ကြီး ဦးဆောင် ၍ မေ့ဆေးဆရာဝန်ကြီး၊ ဆရာ ဝန်နှင့် သူနာပြုများ အပါအဝင် ကျန်းမာရေးဝန်ထမ်း ၁၀ ဦးခန့်ဖြင့် ဆောင်ရွက်မည်ဖြစ်သည်။ ခွဲစိတ်ချိန် ခြောက်နာရီခန့်ကြာမြင့်မည်ဟု ခန့်မှန်းကာ အဆိုပါကုသမှုအတွက် လိုအပ်သော ဆေးဝါးပစ္စည်းနှင့် စက်ကိရိယာများ ပြင်ဆင်ထားသည်ဟုဆိုသည်။
စနစ်တကျကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသည့်အတွက် ခွဲစိတ်မှု ရာနှုန်းပြည့်အောင်မြင်မည်ဟု ယုံကြည်ထားပြီး ခွဲစိတ်မှုကုန်ကျစရိတ်ကို အစိုးရ၏ အထောက်အပံ့ဖြင့် ပြုလုပ်မည်ဖြစ်ကြောင်း 7 Day သတင်းတွင် ဖော်ပြပါရှိသည်။