အုတ်ဖုတ်နေသူ ၂ ဦး နာရီပိုင်းအတွင်း မိုးကြိုးထိမှန် သေဆုံးခဲ့ရ
05 Apr 2018 1,387 Views
ဧပြီလ ၃ ရက်နေ့ ပဲခူးတိုင်းဒေသ တောင်ငူခရိုင် ဖြူးမြို့နယ်တွင် ညနေ ၄ နာရီအချိန်ခန့်က အုတ်လုပ်ငန်း လုပ်ကိုင်သူနှစ်ဦး မိုးကြိုးထိမှန်ပြီး သေဆုံးမှုဖြစ်ပွားခဲ့သည် ။
ဖြစ်စဉ်မှာ ညောင်ပင်သာနယ်မြေရဲစခန်းအပိုင်း ရွာမ ၆ လမ်းတွင် အုတ်လုပ်ငန်း လုပ်ကိုင်သူသည် အခြားလုပ်ဖော်ကိုင်ဖက်နှင့်အတူ အုတ်ဖုတ်နေစဉ် မိုးကြိုးထိမှန်ခဲ့ပြီး ၃ ဦးမှာ နှစ်ဦးက အရေပြားစုတ်ပြဲဒဏ်ရာများနှင့် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့သည် ။
အဆိုပါဖြစ်စဉ်နဲ့ တစ်ရက်ထဲမှာပင် ဧပြီလ ၃ ရက်နေ့ ညနေ ၆ နာရီပိုင်းတွင် အမျိုးသမီးတစ်ဦးသည် အဖော်နှင့်အတူ ရွာအပြန် ဆိုင်ကယ်မောင်းနှင်လာစဉ် ရွာရောက်ခါနီးတွင် မိုးကြိုးထိမှန်ကာ သေဆုံးခဲ့သည် ။ သေဆုံးသူ၏ခန္ဓကိုယ်တွင် အရေပြားလန်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တာဝန်ရှိသူများက စစ်ဆေးတွေ့ ရှိခဲ့ကြောင်းသိရသည် ။
အခင်းများနှင့် ပတ်သက်ပြီး ညောင်ပင်သာနယ်မြေရဲစခန်းမှ သေမှု့သေခင်းများဖွင့်လှစ်၍ ရဲလုပ်ငန်းများနှင့်အညီ စစ်ဆေးဆောင်ရွက်ထားကြောင်းသိရသည် ။