ရည်းစားဖြစ်သူနှစ်ဦး စကားများရာမှ ရေတွင်းထဲ ခုန်ချမှု့ ဖြစ်ပွား
05 Apr 2018 1,353 Views
မွန်ပြည်နယ် မော်လမြိုင်မြို့ သီရိမြိုင်ရပ် ၁၂ လမ်းအပေါ်ပိုင်းတွင် မော်လမြိုင်သူ နှင့် ရန်ကုန်သား ရည်းစားဖြစ်သူနှစ်ဦး စိတ်အခန့်မသင့်ဖြစ်ပွားရာမှ နှစ်စလုံးရေသွင်းထဲသို့ခုန်ချမှု့ဖြစ်ပွားခဲ့သည် ။
ဖြစ်စဉ်မှာ ၄ ရက်နေ့ညပိုင်းတွင် မော်လမြိုင်သားနှင့် ရန်ကုန်သူ ရည်းစားနှစ်ဦး စကားများခဲ့ကြပြီး အမျိုးသားဖြစ်သူက ရေးတွင်းထဲသို့ ဦးစွာ ခုန်ချသွားသဖြင့် ရည်းစားဖြစ်သူ အမျိုးသမီးလည်း လိုက်ပါခုန်ချမှု့ဖြစ်ပွားခဲ့သည် ။
ရေတွင်းထဲ ခုန်ချခဲ့သည်ကို ရပ်ကွက်နေပြည်သူများ သိသိခြင်း ကယ်ဆယ်ရေးအဖွဲ့ များကိုဆက်သွယ်ပြီး ဆေးရုံသို့အရောက်ပို့ခဲ့သော်လည်း စိတ်မကောင်းစွာဖြင့် နှစ်ဦးစလုံး ကွယ်လွန်သွားခဲ့သည် ။ ရည်းစားဖြစ်သူ အမျိုးသမီးမှာ ရန်ကုန်တွင် တစ်ယောက်တည်း အိမ်ငှားနေထိုင်သူဖြစ်သည်ဟုလည်း သိရသည် ။
လူနာများကို မော်လမြိုင်လူမူကယ်ဆယ်ရေး အရေးပေါ်ယာဉ်နှင့် ရန်ကုန်မြို့မှ ရောက်ရှိနေသော 5star အောင်သော်တို့အဖွဲ့ အရေးပေါ်လူနာတင်ယာဉ်မှလည်း ပူးပေါင်းကူညီပေးခဲ့ပါသည်။