အိမ်ထောင်ရေးဖောက်ပြန်တဲ့ ဇနီးနဲ့လင်ငယ်ကို လူပုံလယ် ကြိုးတုပ်ကာရိုက်နှက် အပြစ်ပေး
04 Apr 2018 3,118 Views
အိမ်ထောင်ရေး ဖောက်ပြန်တဲ့ ဇာတ်လမ်းတွေဟာ နိုင်ငံတိုင်း မြို့ရွာတိုင်းမှာ မရိုးနိုင်တဲ့အဖြစ်ပျက်တစ်ခုလို နေ့စဉ်ဖြစ်ပျက်နေဆဲပါ၊ ဖြေရှင်းကြပုံတွေကလည်း နည်းလမ်း အမျိုးမျိုးပါပဲ။
ယခုအဖြစ်ပျက်မှာတော့ ခင်ပွန်းဖြစ်သူက ဇနီးသည်နဲ့အတူ ဖောက်ပြန်တဲ့အမျိုးသားကိုပါ ကြိုးနဲ့တုပ် သစ်ပင်မှာတွဲလောင်း ဇောက်ထိုးဆွဲပြီး လူပုံအလယ်မှာ ခါးပတ်နဲ့ အပြတ်အသတ် ဆော်ပြီး အပြစ်ပေးခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ဇနီးသည် မုန်းတီးနားကျဉ်းတဲ့ ခင်ပွန်းရဲ့ အပြစ်ပေးမှုက ဒီလောက်နဲ့တော့ ရပ်မသွားခဲ့ပဲ အုပ်စုဖွဲ့ အနိုင်ကျင့်တဲ့ ရာဇဝတ်မှုကြီး တစ်ခုအသွင်ပြောင်းလဲသွားခဲ့ပါတယ်။
အိန္ဒိယနိုင်ငံ Uttar Pradesh ပြည်နယ်က Bulandshahr ဆိုတဲ့ရွာလေးမှာ ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။ အိမ်ထောင်ရှိ အမျိုးသမီးတစ်ဦးဟာ ခင်ပွန်းမရှိခိုက် သူမရဲ့ချစ်သူနဲ့ လိုက်ပြေးသွားခဲ့ပြီး အမျိုးနီးစပ်သူရဲ့ နေအိမ်မှာ ပုန်းအောင်းနေပါတယ်။
ခင်ပွန်းဖြစ်သူ သိသွားတဲ့အခါမှာတော့ ဇနီးသည်ဆီကို လူလွှတ်ပြီး ဖြစ်ခဲ့သမျှကိစ္စအားလုံးကို ခွင့်လွှတ်ကြောင်း၊ ဘဝသစ်ပြန်စကြဖို့ သူ့ဆီသာပြန်လာရန် နားချစေခဲ့သည်။
အဲဒီစကားလုံးတွေကို ယုံကြည်မိလိုက်ပြီးတဲ့နောက်မှာတော့ သူမဟာ ထောင်ချောက်ထဲဝင်သွားတဲ့ သားရဲတစ်ကောင်လို ပြေးပေါက်မရှိတော့မှန်း နောက်ကျပြီးမှ သိလိုက်ရပါတယ်။ သူမရွာပြန်ရောက်တဲ့အချိန်မှာတော့ ခင်ပွန်းဖြစ်သူက သူမကိုအပြစ်ပေးရန် ရွာလူကြီးနှင့် ညှိနှိုင်းစီစဉ်ထားပြီးဖြစ်သည်။
အဲဒီနောက် ဇနီးသည်နဲ့ ဖောက်ပြန်ခဲ့သူကိုလည်း တွေ့အောင် ရှာဖွေခဲ့ပြီး ကြိုးတုပ်၊ သစ်ပင်မှာ တွဲလောင်းဆွဲကာ ကြာပွတ်နဲ့ လူပုံအလယ်မှာ ရိုက်နှက်အပြစ်ပေးခဲ့ပါတယ်။
အဆိုးဆုံးအခြေအနေကတော့ ဝိုင်းကြည့်နေတဲ့ လူအုပ်ကြီးဟာ ဇနီးသည်ဖြစ်တဲ့ အမျိုးသမီးကို လိင်ပိုင်းဆိုင်ရာ ကိုင်တွယ်စော်ကားခြင်း၊ အုပ်စုလိုက် အဓ္ဓမပြုကျင့်ခဲ့သဖြင့် အမျိုးသမီးမှာ သတိလစ်သွားခဲ့ရသည်။
ရက်သတ္တပတ် တစ်ပတ်ခန့် ဆေးကုသမှုခံယူခဲ့ရပြီး သတိပြည်လည်လာချိန်မှာ သူမရဲ့ ခင်ပွန်း၊ ရွာလူကြီးနဲ့ ရွာသား ၅ ဦးကို ရဲစခန်းမှာ တိုင်ကြားခဲ့ပါတယ်။
“ဒီအမှုကို လက်ခံထာပြီးပါပြီ၊ သူ့ယောက်က်ျား Saudan၊ သူကြီးဟောင်း Sher Singh နဲ့ သူ့သား Shravansinh တို့ကိုလည်း ဖမ်းထားပြီပါပြီ။ ကျန်တဲ့လူတွေကိုလည်း လိုက်ရှာနေပါတယ်၊ အမျိုးသမီးကိုတော့ ဆေးရုံပို့ပြီး လိုအပ်တဲ့ ဆေးစစ်မှုတွေ လုပ်နေပါတယ်” ဟု ရဲအရာရှိ Altaf Ansari က ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံတွင် မိန်းကလေးများကို အရွယ်ရောက်တာနဲ့ သင့်တော်သူနဲ့ အိမ်ထောင်ချက်ခြင်းချပေးတတ်တဲ့ အလေ့အထကြောင့် အမျိုးသမီးများမှာ ချစ်သူနဲ့ကွေကွင်းရခြင်း၊ မချစ်မနှစ်သက်သောသူနဲ့ ပေါင်းဖက်ရခြင်းဆိုတဲ့ စိတ်ဆင်းရဲမှုနှစ်ခုစလုံးကို ခံစားကြရပါတယ်။ အဲဒီအတွက် အိမ်ထောင်ရေးဖောက်ပြန်မှုတွေ ရှိနေပြီး များသောအားဖြင့် ဆုံဆည်းခွင့်မရလိုက်သော ချစ်သူဟောင်းများနှင့် ဖြစ်ပျက်နေကြခြင်းဖြစ်သည်။