BEC-TERO TV

စိုးရိမ်စရာအခြေအနေဖြစ်နေတဲ့ သုသုရဲ့အချစ်ရေး

26 Mar 2018     1,419 Views


မကြာသေးမီက သုသုတစ်ယောက်သူမရဲ့ချစ်သူနဲ့ နှစ်ဦးသားစကားများရန်ဖြစ်ခဲ့ကြပါတယ်။ ရန်ဖြစ်ကြပြီးတဲ့နောက် သူမရဲ့ချစ်သူက အိမ်ပေါ်မှဆင်းကာ မိဘအိမ်သို့ပြန်သွားတယ်လို့ဆိုပါတယ်။ ပရိတ်သတ်တွေက စိုးရိမ်တစ်ကြီးမေးမြန်းခဲ့ကြမှုကိုတော့ သုသုက သူမရဲ့ချစ်သူနဲ့ လမ်းခွဲကြတာမဟုတ်လို့ လမ်းခွဲတဲ့အခါ ပရိတ်သတ်ကြီးအားလုံးကို အတိအလင်းတရားဝင်ကြေညာပါ့မယ်လို့ ပြောခဲ့ပါသေးတယ်။ 

ယနေ့ မတ်လ ၂၆ရက်နေ့မှာတော့ သုသုက သူမရဲ့ ဖေ့စ်ဘွတ်မှာ စိတ်မကောင်းစရာပို့စ်လေးတစ်ခုကို ထပ်တင်ခဲ့ပါတယ်။ သူမရဲ့ချစ်သူတစ်ယောက်အိမ်က ထွက်သွားတာ ၁လကျော်သွားပါပြီတဲ့။ ဖုန်းအဆက်အသွယ်လဲလုပ်လို့မရသလို၊ ဖေ့စ်ဘွတ်မှာလဲ သူမကိုဘလော့ထားပါသေးတယ်။ တိကျသေချာတဲ့အဖြေတစ်ခုကိုသိချင်တာမို့ တရားဝင်ဖြေရှင်းချက်ပေးဖို့ကိုလဲ သူမရဲ့ချစ်သူကို တောင်းဆိုထားပါတယ်။

“ကိုကြီးအိမ်ကထွက်သွားတာ အခုဆိုတလ ကျော်သွားပါပြီ၊ ဖေ့ဘုတ်လည်း ဘလော့ထားသလို ဖုန်းဆက်လို့လဲမရပါ၊ တိကျတဲ့အဖြေတစ်ခုတော့ သိချင်မိတာအမှန်ပါ၊ သုသု ကိုကြီးကိုရွေးချယ်ခဲ့တာ နှလုံးသားတစ်ခုထဲနဲ့ ရွေးချယ်ခဲ့တာပါ၊ ကိုယ်ပိုင်တိုက်ခန်းနဲ့ သီးသန့်နေဖို့လဲကိုကြီးပဲပြောခဲ့တာပါ၊ ကိုယ့်အထုပ်ကိုလဲလူရှေ့မဖြည်ချချင်ပါဘူး၊ အေးအေးချမ်းချမ်းမိသားစုဘ၀လေးပဲလိုချင်ပါတယ်၊ တရားဝင်လူသိရှင်ကြားပေါင်းသင်းလာတာမို့  Zippy ဘက်က တရားဝင်ရှင်းပေးစေချင်ပါတယ်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာရေးသားခဲ့ပါတယ်။ 

သူမတင်ထားတဲ့ပို့စ်အောက်မှာတော့ ချစ်ပရိတ်သတ်တွေက သုသုတို့ရဲ့အချစ်ရေးပြန်အဆင်ပြေစေဖို့ ဆုတောင်းပေးထားကြပါသေးတယ်။ 

 


26 Mar 2018     1,419 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment