ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကို အမေရိကန်အောက်ဆွဲလို့ မြောက်ကိုရီးယား သမုတ်
26 Feb 2018 1,347 Views
မြောက်ကိုရီးယားအစိုးရကို ဖိအားပေးဖို့ အရေးယူပိတ်ဆို့မှုဆန်ရှင်တွေမဖြစ်မနေလိုအပ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြောကြားခဲ့တာကြောင့် အန်တိုနီယိုဂူတာရက်စ်ကို အမေရိကန်အောက်ဆွဲလို့ မြောက်ကိုရီးယားက ကြာသပတေးနေ့မှာ စွပ်စွဲသမုတ်ခဲ့ပါတယ်။ဂူတာရက်စ်ဟာ ပြီးခဲ့တဲ့အပတ်မှာ ကျင်းပခဲ့တဲ့ မြူးနစ်လုံခြုံရေးညီလာခံမှာ မြောက်ကိုရီးယားအပေါ် ဆန်ရှင်ချဖိအားပေးနိုင်တာကိုလုံခြုံရေးကောင်စီအနေနဲ့ ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ သူ့အမြင်အရပြောရရင်လည်း သည်လိုဖိအားပေးဖို့ အမှန်တကယ်လိုအပ်ကြောင်းစတဲ့ ဆင်ခြင်တုံမဲ့စကားတွေကို ကုလသမဂ္ဂက ထုတ်ပြန်ခဲ့ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယားမစ်ရှင်က ပြောကြားခဲ့ပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တစ်ယောက် သူ့တာဝန်နဲ့မသင့်လျော်တာကိုလုပ်သွားတာသက်သက်ပဲ။ သူအမေရိကန်အောက်ဆွဲလုပ်နေသလားဆိုတာ ကျွန် တော်တို့စဉ်းစားမိသွားတာပေါ့လို့ မြောက်ကိုရီးယားက ပြောကြားခဲ့ပါတယ်။ကိုရီးယားကျွန်းဆွယ်ပဋိပက္ခကို ဝင်ရှုပ်တာဟာ မှားယွင်းတဲ့လုပ်ရပ်တစ်ခုဖြစ်ပြီး နျူကလီးယားနဲ့ တိုက်ချင်းပစ်ဒုံးကျည်ထုတ်လုပ်ခွင့်ဟာ မြောက်ကိုရီးယားရဲ့လုပ်ပိုင်ခွင့်တစ်ခုဖြစ်ကြောင်း မြောက်ကိုရီးယားက ပြောကြားခဲ့ပါတယ်။ဂူတာရက်စ်ရဲ့လုပ်ရပ်ဟာ စိတ်မမှန်တဲ့သူ့ရဲ့လုပ်ရပ်ဖြစ်ပြီး ကုလသမဂ္ဂခေါင်းဆောင်တစ်ယောက်အနေနဲ့ သည်လိုဆင်ခြင်တုံမဲ့လုပ်ရပ်တွေကိုရှောင်ရှားသင့် တယ်လို့ မြောက်ကိုရီးယားအဖွဲ့က ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က အမေရိကန်ဦးဆောင်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ ပြုံယမ်းနျူနဲ့ ဒုံးကျည်ကိစ္စနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားအပေါ်ဆန်ရှင်သုံးခု ထပ်မံချမှတ်ခဲ့ပြီး စီးပွားရေးရာတွေကို ဖြတ်တောက်ခဲ့ပါတယ်။သည်လ အိုလံပစ်ပွဲတော်မှာ ဂူတာရက်စ်နဲ့ မြောက်ကိုရီးယားဖျော်ဖြေရေးအဖွဲ့ခေါင်းဆောင်တို့တွေ့ဆုံခဲ့ပြီး ပဋိပက္ခတွေအပေါ်ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အ ပြင် တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံချစ်ကြည်ရေးအတွက်လည်း ကြားဝင်ပြောကြားပေးခဲ့ပါတယ်။ဒီဇင်ဘာလက ကုလသမဂ္ဂနိုင်ငံရေး ခေါင်းဆောင်ဂျက်ဖရီဖက်မန်းကို မြောက်ကိုရီးယားထံ ဂူတာရက်စ်က စေလွှတ်ခဲ့ပေမဲ့ နျူကလီးယားဆွေးနွေးပွဲကျင်းပဖို့ ကို မြောက်ကိုရီးယားဘက်က တစ်ခွန်းတစ်ပါဒမှ ကတိမပေးခဲ့ဘဲ ပြန်လာခဲ့ရပါတယ်။
Credit ... kumudranews