BEC-TERO TV

ဖော်ချွတ်မော်ဒယ်ပုံချိပ်ဆွဲခဲ့ပြီးနောက် ယာခင်းတွင် သီးနှံများအထွက်တိုးလာ

21 Feb 2018     2,967 Views


အိန္ဒိယနိုင်ငံက တောင်သူလယ်သမားကြီးတစ်ဦးရဲ့ ယာခင်းရှေ့မှာ နာမည်ကြီး အိန္ဒိယဖော်ချွတ်မယ် Sunny Leone ရဲ့ ဓါတ်ပုံကို ချိတ်ဆွဲခဲ့ပြီးနောက်တော့ ယာခင်းမှာ သိသိသာသာ အထွက်တိုးလာခဲ့တယ်လို့ သတင်းထောက်တွေနဲ့ အင်တာဗျူးမှာ ဖြေကြားသွားခဲ့ပါတယ်။

Chenchu Reddy ဆိုတဲ့ လယ်သမားကြီးဟာ သူ့ရဲ့ယာခင်း မကြာခဏဆိုသလို ပျက်ဆီးလို့ အကြီးအကျယ်စိတ်ပျက်နေရတဲ့သူဖြစ်ပါတယ်။ ဒီအတွက် သူဘာလုပ်ရရင်ကောင်းမလဲလို့ စဉ်းစားတဲ့အခါ အခုလို ပုရိသတွေကို စွဲဆောင်နိုင်တဲ့ အပြာမော်ဒယ်ရဲ့ ပုံကို ဗီနိုင်းနဲ့ အကြီးကြီးထုတ်ကာ ချိပ်ဆွဲထားလိုက်ရင် အဆင်ပြေကောင်းရဲလို့ တွေးမိတာဖြစ်ပါတယ်။

လက်တွေ့အကောင်အထည်ဖော်ကြည့်လိုက်တဲ့အခါ တစ်ကယ်အလုပ်ဖြစ်တာကို တွေ့ခဲ့ရပါတယ်။ အခုဆိုရင် ၁၀ ဧကခန့်ရှိတဲ့ ယာခင်းကြီးက စိမ်းစိုပြီး သီးနှံတွေ အပျက်အဆီးအလေလွင့်မရှိတော့ပဲ အထွက်တိုးလာတယ်လို့ဆိုပါတာ်။


ယခင်က ယာခင်းတွေ ပျက်ဆီးရတဲ့ အကြောင်းရင်းကတော့ သူ့ရဲ့ယာခင်းဟာ ကားလမ်း၊ လူသွားလမ်း နံဘေးမှာ ရှိတာကြောင့် မကြာခဏဆိုသလို ဖြတ်သွားဖြတ်လာတဲ့ ရွာသားတွေရဲ့ လက်ဆော့ခြင်း အပျင်းပြေဖျက်ဆီးခြင်းကို ခံခဲ့ရပါတယ်။
အခုလို အပြာမယ်ပုံ ချိပ်ဆွဲထားလိုက်တဲ့အခါမှာတော့ သူတို့တွေအားလုံးရဲ့ အာရုံဟာ ယာခင်းပေါ်မှာ မရှိတော့ပဲ ဓါတ်ပုံနဲ့ စိတ်များနေတာကြောင့် သူ့ယာခင်းလေး ချမ်းသာရာရခဲ့တာလို့ ဖြေကြားခဲ့ပါတယ်။

V

အပြာမော်ဒယ် Sunny Leone ရဲ့ ပရိသတ်လားလို့ မေးမြန်းတဲ့အခါမှာတော့ သူ့အနေနဲ့ သူ့သူငယ်ချင်းပြောလို့သာ သိခြင်းဖြစ်ပြီး ယခင်က မသိခဲ့ကြောင်း ငြင်းဆန်ခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်နေပါစေ သူ့ရဲ့ အကြံကတော့ အောင်မြင်တယ်လို့ ပြောလို့ရပါတယ်။
မြန်မာပြည်က တောင်သူဦးကြီးတွေရော ယာခင်းတွေပျက်ရင် ဒီလိုလေး လုပ်ကြည့်ပါလား..။
 


21 Feb 2018     2,967 Views




RELATED

Most Popular of International News

Most Popular of NEWS