နယူးဗားရှင်းရုပ်ရှင်ဇာတ်ကားကြီးမိတ်ဆက်ပွဲကျင်းပ
16 Feb 2018 1,769 Views

ဟာသနှင့်အချစ်ရောနှောထားတဲ့ ဇာတ်လမ်းနယူးဗားရှင်းရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ရန်ကုန်မြို့၊ သာကေတ(Capital)မှာမိတ်ဆက်ခဲ့ပါတယ်။ နယူးဗားရှင်းရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ညီညီဇော်နိုင် ကရိုက်ကူးတာဖြစ်ပြီး ဇာတ်လမ်းနှင့် ဇာတ်ညွှန်းကတော့ စွမ်းပိုင် ဖြစ်ပြီး ၊ ထုတ်လုပ်ရေး အနေနဲ့ကတော့ ဖိုးသူတော် ဖြစ်ပါတယ်။ ဒီကားမှာဩပါဝင်တဲ့သရုပ်ဆောင်တွေ့ကတော့ ကျော်ရဲအောင် ၊ စိုးမြတ်သူဇာ ၊ မင်းမော်ကွန်း ၊ ညီထွဋ်ခေါင် ၊ နန်းမြတ်ဖြိုးသင်း ၊ ရွှေသမီး ၊ ပွင့် နဲ့သရုပ်ဆောင် များစွာပါဝင်ပါတယ်။ ဒီဇာတ်ကားလေးဟာ ဟာသနှင့်အချစ်ရောနှောထား တဲ့ဇာတ်လမ်းဖြစ်ပြီး ဒါရိုက်တာ ညီညီဇော်နိုင်ရိုက်ကူးတဲ့ ပထမဦးဆုံး ရုပ်ရှင်ဇာတ်ကားလဲဖြစ်ပါတယ်။
ဒီကားမှာပါဝင်သရုပ်ဆောင်ထားတဲ့ ရွှေသမီးက အနုပညာလောကထဲကို (၄)နှစ်တာ ၀င်ရောက်ပြီး ကိုယ်ရိုက်ချင်တဲ့ ရုပ်ရှင်ကာရိုက်တာတွေ့ကို ရိုက်ကူးခွင့်ရရှိခဲ့တဲ့ အတွက် အားရကျေနပ်မူရှိပါတယ်လို့ ဆိုပါတယ်။နယူးဗားရှင်းရုပ်ရှင်ဇာတ်ကားမှာကျော်ရဲအောင်ရဲ့သမီးဖြစ်သူ ချစ်စေသော် အဖြစ် (နန်းမြတ်ဖြိုးသင်း) ကလဲ ဟိုတည် အတွင်းရေးမှူးရာထူး ၀န်ထမ်းအဖြစ် သရုပ်ဆောင် ထားတာလည်း ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး သူရဲ့ခံစားချက်ကိုလဲ အခုလိုဘဲ ဖော်ပြ လိုက်ပါတယ်။ နယူးဗားရှင်းရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဖေဖော်ဝါရီလ(၂၃)ရက်နေ့မှာ ရန်ကုန်မှာ စတင်ပြသွားမှာလည်း ဖြစ်ပါတယ်။