BEC-TERO TV

ရင်ကြားစေ့ရေးပိုမိုဆောင်ရွက်ရန် ကင်ဂျုံအန်အဆိုပြု

15 Feb 2018     1,719 Views


ဆောင်းရာသီအိုလံပစ်နဲ့အတူ ကိုရီးယား(၂)နိုင်ငံကြားရင်ကြားစေ့ရေး တောင်ကိုရီးယား နိုင်ငံဘက်က ပိုပြီးလုပ်ဆောင်သွားဖို့ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်က အဆိုပြုလိုက်တယ် ဆိုပြီး မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက သတင်းဖော်ပြပါတယ်။ ဆောင်းရာသီ အိုလံပစ်မှာပြိုင်ပွဲဝင်နေတဲ့ မြောက်ကိုရီးယား အားကစားသမားတွေကို လက်ခံနေရာချထားတဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ လုပ်ဆောင်မှုကိုလည်း ခေါင်းဆောင်ကင်မ်က ချီးကျူးခဲ့ပါတယ်။
 
 
ဖေဖော်ဝါရီလ(၁၂)ရက်မှာ ခေါင်းဆောင်ကင်ရဲ့ညီမဖြစ်သူ ကင်ယိုဂျွန်းဦးဆောင်တဲ့မြောက်ကိုရီးယား အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဟာ မြောက်ကိုရီးယားကိုပြန် လည်ရောက်ရှိခဲ့ပါတယ်။ မြောက်ကိုရီးယားနဲ့ဆွေးနွေးမှုတွေပြုလုပ်သွားဖို့ လမ်းဖွင့်ထားတယ်လို့ အမေရိကန်ဘက်ကပြောတယ် ဆိုပြီး တောင်ကိုရီးယားသမ္မတမွန်ဂျဲအင်ကပြောပါတယ်။မြောက်ကိုရီးယားဘက်က ဆွေးနွေးမှုတွေပြုလုပ်ဖို့ ဆန္ဒရှိတယ်ဆိုရင် အမေရိကန်ဘက်က ဆွေးနွေးသွားမှာဖြစ်တယ်လို့ အိုလံပစ်ဖွင့်ပွဲတက်ပြီးနောက် အမေရိကန်နိုင်ငံကိုပြန်သွားတဲ့ အမေရိကန် ဒုတိယသမ္မတမိုက်ခ်ပန့်စ်က ပြောတယ်ဆိုပြီး ၀ါရှင်တန်ပို့စ် သတင်းစာကသတင်းဖော်ပြပါတယ်။
 
 
အိုလံပစ်ပြိုင်ပွဲမှာ မြောက်ကိုရီး ယားပါဝင်တာကြောင့် ကိုရီးယား(၂)နိုင်ငံကြားဆက်ဆံရေး ပိုနွေးထွေးလာတယ်လို့ ပြောနေကြသလိုပဲ တောင်ကိုရီးယား နိုင်ငံဟာ မြောက်ကိုရီးယားရဲ့ ၀ါဒဖြန့်မှုတွေကို ခွင့်ပြုလိုက်တာဖြစ်တယ်လို့လည်း ယူဆနေ ကြပါတယ်။
 
 

15 Feb 2018     1,719 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS