BEC-TERO TV

ရွှေထည်များခိုးယူကြောင်း မြန်မာလုပ်သား ဇနီးမောင်နှံကို ထိုင်းသူဌေး စွပ်စွဲကာ တိုက်ပိတ်

13 Feb 2018     1,420 Views


ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေသော မြန်မာဇနီးမောင်နှံ နှစ်ဦးကို တိုက်ခန်းပိုင်ရှင် သူဌေးက ရွှေထည်ပစ္စည်းများ ခိုးယူကြောင်း စွပ်စွဲကာ ပျောက်ဆုံးခဲ့သော ရွှေတစ်ဆယ်သားအား ပြန်လျော်ပေးမှ လွှတ်ပေးမည်ဟု ခြိမ်းခြောက်ခဲ့ကာ ဖမ်းဆီးတိုက်ပိတ်ထားခဲ့သည်။

အဆိုပါအမှုနှင့်ပက်သက်ပြီး ထိုင်းနိုင်ငံရှိ AAC မဟာမိတ်အဖွဲ့(ယာယီဖျက်သိမ်း) မှ ထိုင်းသူဌေးထံ သွားရောက်ဖြေရှင်းရာ သူဌေးက လက်မခံပဲ မိုက်ရိုင်းစွာတုန့်ပြန်ခြင်း၊ AAC အဖွဲ့၏ ကားများကို ဓါတ်ပုံမှတ်တမ်းတင်ခြင်းများ ပြုလုပ်ခဲ့သည်။ AAC အဖွဲ့မှ တစ်စုံတစ်ရာ တုံ့ပြန်ခြင်းမရှိပဲ ရဲစခန်းတွင် သွားရောက်ဖြေရှင်းကြရန် ပြောဆိုသည့်အခါ နောက်ဆုံးတွင် ထိုင်းသူဌေးက ရဲစခန်းသို့ မသွားရဲပဲ မြန်မာလုပ်သားနှစ်ဦးဖြစ်သည့် ကိုဇော်လင်း (၂၁ နှစ်) နှင့် မဝေဝေလွင် (၂၀ နှစ်) တို့အား ပြန်လည် လွှတ်ပေးခဲ့သည်။


လွတ်မြောက်လာသူ ဇနီးမောင်နှံ နှစ်ဦးအား AAC ဂေဟာတွင် စောင့်ရှောက်ထားပြီးနောက် မြန်မာပြည်သို့ ပြန်ရန်အစီစဉ်များ လူပ်ပေးခဲ့ပြီး ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် မြန်မာပြည်သို့ ချောမောစွာ ပြန်ရောက်ကြောင်း AAC မဟာမိတ်အဖွဲ့(ယာယီဖျက်သိမ်း) အဖွဲ့မှ သတင်းထုတ်ပြန်ထားကြောင်း သိရှိရသည်။
 


13 Feb 2018     1,420 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS