BEC-TERO TV

ရန်ကုန်မြို့တွင်း အော်တိုလိုင်းဖုန်းနံပါတ်များ ပြောင်းလဲမည်

09 Feb 2018     2,010 Views


မြန်မာ့ဆက်သွယ်ရေး (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေးနှင့် ခေတ်မီဝန်ဆောင်မှုများပေးနိုင်ရန် အော်တိုအိတ်ချိန်း စက်သစ်များ လဲလှယ်တပ်ဆင်မည်ဖြစ်သဖြင့် ရန်ကုန်မြို့တွင်း အော်တိုတယ်လီဖုန်းနံပါတ်များ ပြောင်းလဲသွားမည်ဖြစ်သည်။

လက်ရှိအသုံးပြုနေသော အော်တိုတယ်လီဖုန်းနံပါတ်များကို ဂဏန်း(၇)လုံးပါရှိသည့် ဖုန်းနံပါတ်အသစ်များဖြင့် ပြောင်းလဲတပ်ဆင်သွားမည်ဖြစ်သည်။ ရန်ကုန်အနောက်ပိုင်းခရိုင် အလုံအိတ်ချိန်းနယ်မြေရှိ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးနှင့် တိုင်းဒေသကြီးလွှတ်တော်ရုံးတို့တွင် တပ်ဆင်အသုံးပြုနေသော နံပါတ်များကို ဖေဖော်ဝါရီလ (၂၈)ရက်နေ့တွင် အောက်ပါအတိုင်း ပြောင်းလဲသွားမည်ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြပါရှိသည်။
 


09 Feb 2018     2,010 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS