BEC-TERO TV

ဗိုလ်ကြီးအဆင့်ဖြင့် အယောင်ဆောင်၍ တရားမ၀င် ကျောက်စိမ်း အရိုင်းတုံးများ သယ်ဆောင်လာသူအားဖမ်းဆီးရမိကြောင်း

07 Feb 2018     1,424 Views


မန္တလေးတိုင်းဒေသကြီး၊ချမ်းမြသာစည်မြို့နယ်အတွင်း နယ်ခြားစောင့်တပ်မှ ဗိုလ်ကြီးအဆင့်ဖြင့် အယောင်ဆောင်၍ တရားမ၀င် ကျောက်စိမ်း အရိုင်းတုံးများ သယ်ဆောင်လာသူအားဖမ်းဆီးရမိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်သည်။
 
ဇန်န၀ါရီ ၃၁ ရက် နံနက်ပိုင်းတွင် ချမ်းမြသာစည်မြို့နယ်၊ ၄၈ လမ်းနှင့် အောင်ဇေယျလမ်းထောင့်၌ ရဲတပ်ဖွဲ့ဝင်များက ယာဉ်သွားလာမှုများအား စစ်ဆေးဆောင်ရွက်စဉ် စောသန်းဇော်ဦး (ဘ)ဦးလှအေး မောင်းနှင်လာသော Crown အမျိုးအစား (လိုင်စင်မဲ့)ယာဉ်အမှတ်၊ YGN/--- အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်၏နောက်ဖုံးအတွင်းမှ ဂုန်နီအိတ်ဖြင့်ထည့်ထားသော တရားမ၀င် ကျောက်စိမ်းအရိုင်းတုံး ဆိုဒ်စုံ ၇ တုံးနှင့်အတူဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
 
 
ဖမ်းဆီးရမိသူ စောသန်းဇော်ဦးသည် နယ်ခြားစောင့်တပ်တွင် ဗိုလ်ကြီးအဆင့်ဖြင့် တာဝန်ထမ်းဆောင်နေသူ အဖြစ် တပ်ဖွဲ့ဝင်ကဒ်နှင့် စာရွက်စာတမ်းအတုများကိုင်ဆောင်ထားသူဖြစ်ပြီး တပ်မတော်သား အယောင် ဆောင်၍ တရားမ၀င် ကျောက်စိမ်းတုံးများ သယ်ဆောင်လာသူဖြစ်ကြောင်းတွေ့ရှိရသည်။
 
ထို့ကြောင့် ၎င်းအား မော်တော်ယာဉ်နှင့် ကျောက်စိမ်းတုံးများနှင့်အတူ အောင်ပင်လယ်ရဲစခန်းနှင့် မန္တလေးမြို့ အကောက်ခွန်ဦးစီးဌာနများသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း ထုတ်ပြန်ထားသည်။
 
Credit .... Mizzima
 
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

07 Feb 2018     1,424 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS