လာလီဂါရလဒ်ဆိုးရွားမှုမှ အပြည့်အ၀ရုန်းမထွက်နိုင်သေးတဲ့ ရီးယဲမက်ဒရစ်
07 Feb 2018 1,644 Views

ယခုနှစ်ရာသီမှာ အသင်းရဲ့ပုံစံကောင်းပျောက်ဆုံးပြီး လာလီဂါမှာ ရလဒ်ပိုင်းဆိုးရွားမှုတွေနဲ့ ကြုံတွေ့နေတဲ့ ရီးယဲမက်ဒရစ်ဟာ လာလီဂါပွဲစဉ်(၂၂)မှာလည်းနိုင်ပွဲပျောက်ဆုံးခဲ့ပါတယ်။လာလီဂါပွဲစဉ်(၂၂)ပွဲ ယှဉ်ပြိုင်ကစားပြီးချိန်မှာတော့ ရီးယဲမက်ဒရစ်ဟာ ပြီးခဲ့တဲ့ရာသီကပြသခဲ့တဲ့ ပုံစံကောင်း ပျောက်ဆုံးခဲ့ပြီး ရှုံးပွဲ(၄)ပွဲ၊ သရေရလဒ်(၆)ပွဲနဲ့ (၁၁)ပွဲသာ နိုင်ပွဲရရှိထားတာဖြစ်ပါတယ်။ ဖေဖော်ဝါရီလ(၄) ရက်က လာလီဂါပွဲစဉ်(၂၂)အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ လီဗန်တေးအသင်းနဲ့ အဝေးကွင်းပွဲစဉ်မှာလည်း နိုင်ပွဲ ပျောက်ဆုံးခဲ့ပါတယ်။
ရီးယဲမက်ဒရစ်ဟာ လီဗန်တေးနဲ့ပွဲစဉ်မှာ အဓိကတိုက်စစ်အတွဲဖြစ်တဲ့ BBC တိုက်စစ်အတွဲ ကို အသုံးပြုခဲ့ပေမယ့် နိုင်ပဲအတွက်အရေးပါတဲ့ သွင်းဂိုးတွေကို BBC တိုက်စစ်ကရရှိအောင်စွမ်းဆောင်နိုင်ခြင်း မရှိခဲ့တာဖြစ်ပါတယ်။ ရီးယဲမက်ဒရစ်အသင်းဟာ လီဗန်တေးနဲ့ပွဲစဉ်မှာ ရာမို့စ်၊ အစ္စကိုတို့ရဲ့သွင်းဂိုးတွေနဲ့နှစ်ကြိမ် တိုင်ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲချိန်(၈၉)မိနစ်မှာ ပတ်ဇီနီရဲ့သွင်းဂိုးကို ခွင့်ပြုပေးခဲ့ရပြီး အဝေးကွင်းမှာ(၂)ဂိုးစီသရေ ရလဒ်နဲ့ရမှတ်(၁)မှတ်သာရယူနိုင်ခဲ့ပါတယ်။

ရီးယဲမက်ဒရစ်အသင်း အဝေးကွင်းမှာ(၂)ဂိုးစီသရေရလဒ်ထွက်ပေါ် ခဲ့ပြီး လာလီဂါမှာရလဒ်ပိုင်းဆိုးရွားနေမှုမှ အပြည့်အ၀ရုန်းထွက်နိုင်ခြင်းမရှိခဲ့ပေမယ့် အဲဒီပွဲစဉ်မှာသွင်းဂိုး(၁)ဂိုး သွင်းယူခဲ့တဲ့ ရာမို့စ်ကတော့စံချိန်တစ်ခုရရှိခဲ့ပါတယ်။
