BEC-TERO TV

ခိုးကူးဗီဒီယို ဒဏ်ငွေအဆ ၃၀ တိုးမြှင့်ရန် လွှတ်တော်သို့တင်သွင်း

07 Feb 2018     1,372 Views


ထုတ်လုပ်ဖြန့်ချိသူများကို ယခင်ကပြဠါန်းထားသည့် ဗီဒီယိုခိုးကူးမှု ပြစ်ဒဏ်ငွေထက် အဆ ၃၀ ထိုးမြှင့်သတ်မှတ်ရန်နှင့် ၁၉၉၆ ခုနှစ်က ပြဌါန်းခဲ့သည့် ရုပ်မုင်သံကြားနှင့် ဗီဒီယိုဥပဒေကို ခေတ်နဲ့အညီပြင်ဆင်နိုင်ရန် ပြန်ကြားရေးဝန်ကြီးဌါနက လွှတ်တော်သို့ တင်သွင်းခဲ့သည်။


ယခင်က ထောင်ဒဏ်(၃)နှစ်ထိဖြစ်စေ၊ ငွေကျပ်(၁)သိန်းထိဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟူသော ပြဌါန်းချက်တွင် ထောင်ဒဏ်ကို မပြင်သော်လည်း ငွေဒဏ်ကို သိန်း(၃၀)ထိ ချမှတ်ရန် ပြင်ဆင်ချက် ၆ ချက်ပါဝင်သော ဥပဒေကြမ်းကို ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ဇန်နဝါရီ ၂၆ ရက်နေ့တွင် ပြည်သူ့လွှတ်တော်ကို တင်သွင်းခဲ့ခြင်းဖြစ်သည်။


ထို့ပြင် တစ်ကြိမ်ကျူးလွန်ပြီး နောက်ထပ်မံကျူးလွန်ပါက ထောင်ဒဏ်အနည်းဆုံး တစ်နှစ်မှ ငါးနှစ်ထိ ချမှတ်ရမည့်အပြင် ငွေကျပ်သိန်း ၃၀ ထက်မပိုသော ပြစ်ဒဏ်လည်း ချမှတ်ရမည်ဖြစ်ကြောင်း ဖြည့်စွက်ထားသည်။
ပြစ်မှုကျူးလွန်သူကို အရေးမယူပဲ ထိန်ချန်ထားခြင်း၊ လူစားထိုးခြင်း၊ ဖုံးကွယ်ခြင်း၊ တနည်းနည်းဖြင့် လွှဲပြောင်းခြင်းများပြုလုပ်သူကိုလည်း ၃ နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၁၀ သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်ကြောင်း ဖြည့်စွက်ထားကြောင်း မြန်မာတိုင်းမ်းသတင်းတွင်ဖော်ပြထားသည်။
 


07 Feb 2018     1,372 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS