BEC-TERO TV

နှစ်(၄၄၀၀)ကျော်သက်တမ်းရှိ ရှေးဟောင်းသူတော်စင်မ(၁)ဦး၏ ဂူသင်္ချိုင်း ပြန်ရှာတွေ့

06 Feb 2018     1,686 Views


လွန်ခဲ့တဲ့နှစ်ပေါင်း(၄၄၀၀)ကျော်က ရှေးဟောင်းသူတော်စင်မ(၁)ဦးရဲ့ဂူသချိင်္ုင်းကို အီဂျစ်ရှေးဟောင်းသုတေသီတွေက ဖေဖော်ဝါရီလ(၃)ရက်မှာ ပြန်ရှာတွေ့ခဲ့ပါတယ်။ဂူသချိင်္ုင်းကို အီဂျစ်နိုင်ငံမြို့တော် ကိုင်ရိုနားမှာတွေ့ခဲ့တာဖြစ်ပြီး ဟတ်ပတ်အမည်ရှိ သူတော်စင်မရဲ့ရှားပါး နံရံဆေးရေးပန်းချီတွေရှိနေတယ်လို့သိရပါတယ်။
 
 
ဂီဇာပိရမစ်နားမှာ တူးဖော်ရှာဖွေမှုတွေပြုလုပ်နေစဉ်မှာ အဲဒီဂူသချိင်္င်းကို ထပ်တွေ့ ခဲ့တာဖြစ်တယ်လို့ အီဂျစ်ရှေးဟောင်းဝန်ကြီးဌာနကပြောပါတယ်။ဂီဇာပိရမစ်ရဲ့ အနောက်ဘက် သုဿန်နားက အဲဒီဂူသင်္ချိုင်းနေရာဟာ အီဂျစ်ရှေးဟောင်း ပဉ်္စမမင်းဆက်က မင်းမှုထမ်းတွေကို နေရာချထားပေးတဲ့နေရာဖြစ်ပြီး အဲဒီထဲက တချို့ဂူသချိင်္ုင်းတွေကို (၁၈၄၂)ခုနှစ်ကတည်းက တူးဖော်တွေ့ရှိခဲ့ပါတယ်။
 
 
ဂူသင်္ချိုင်းကိုတည်ဆောက်ထားတဲ့ပုံစံဟာ ပဉ်္စမမင်းဆက်ရဲ့ဗိသုကာလက်ရာနဲ့ အပြင်အဆင်တွေရှိပြီး ထောင့်မှန်ပုံစံရှိတဲ့ဝတ်ပြုခန်းလည်းရှိနေတယ်လို့ အီဂျစ်ရှေးဟောင်း ၀န်ကြီး ဌာနကပြောပါတယ်။ဟတ်ပတ်ဟာ အမျိုးသမီးတွေသားဖွားရာမှာ အကူအညီပေးတဲ့ ဟေသာ အမည်ရှိတဲ့ နတ်ဘုရားမဆီမှာခစားတဲ့ သူတော်စင်မဖြစ်တယ်လို့ အီဂျစ်ဒဏ္ဍာရီအရသိရပါတယ်။ကိုင်ရိုမြို့တောင်ဘက်(၁၂)မိုင်အကွာလောက်မှာရှိတဲ့ အဲဒီနေရာမှာနောက်ထပ်ရှာဖွေတွေ့ရှိနိုင်ဖို့ မျှော်လင့်တယ်ဆိုပြီး အီဂျစ်ရှေးဟောင်းဝန်ကြီး အာနာနီကပြောပါတယ်။
 
 

06 Feb 2018     1,686 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS